arc 7.8 ရန်ကျော်

7K 804 65
                                    

❤Unicode

"တောင်းပန်ပါတယ် အသက်ကိုချမ်းသာပေးပါ၊ ဖိအားပေးပြီး ခိုင်းလို့လုပ်ရတာပါ၊ ခွင့်လွှတ်ပေးပါ''

"ဟုတ်ပါတယ် သူဌေးလေး ကျွန်မတို့ဖေဖေရဲ့အသက်နဲ့ ခြိမ်းခြောက်လို့လုပ်ရတာပါ၊ တောင်းပန်ပါတယ်''

ဝန်း သူ့အရှေ့ကမျက်ရည်တွေနဲ့ ရှိခိုးတောင်းပန်နေကြတဲ့ အမျိုးသမီးနှစ်ယောက်ကို စိုက်ကြည့်နေလိုက်သည်။ သူစုံစမ်းခိုင်းထားလို့ ဒီလူတွေ လိမ်နေတာမဟုတ်မှန်း သူသိထားပြီးပြီဖြစ်သည်။

"ကောင်းပြီ မင်းတို့ကိုငါဘာမှမလုပ်ဘူး၊ အဲ့ဒီအပြင် မင်းတို့အဖေအတွက် လိုအပ်နေတဲ့ အစားထိုးကုသမှုကို ငါတာဝန်ယူပေးမယ်၊ ဒါပေမယ့် မင်းတို့ငါ့ကိုတစ်ခုပြန်လုပ်ပေးရမယ်''

"ပြောပါသူဌေးလေး ကျွန်မတို့ဘာမဆို လုပ်ပေးပါ့မယ်''

"ဟုတ်ပါတယ် သူဌေးလေး''

"ကောင်းပြီ မင်းတို့ကိုငါဆယ်သွယ်မယ်၊ ဒီအတောအတွင်း မင်းတို့အဖေဘေးမှာနေပေးလိုက်ပါ၊ ထွက်ပြေးလို့ကတော့ မင်းတို့ရောမင်းတို့အဖေပါ ပိုင်ရှင်မဲ့အလောင်းတွေဖြစ်သွားစေရမယ်၊ သူရိန် သူတို့အတွက် လိုအပ်တာတွေ အကုန်လုပ်ပေးလိုက်''

"ဟုတ်ကဲ့ပါ အစ်ကိုလေး''

"ကျေးဇူးတင်ပါတယ်သူဌေးလေး ကျေးဇူးတင်ပါတယ်''

ဝန်း သူ့ကိုထပ်တလဲလဲ ကျေးဇူးတင်နေတဲ့အသံတွေကို ကျောခိုင်းလို့ လှည့်ထွက်လာခဲ့လိုက်သည်။ သီတင်းကျွတ်ကျောင်းပိတ်ရက်ပြီးပြီမို့ ကျောင်းတွေပြန်ဖွင့်တော့မှာဖြစ်တာကြောင့် သူ Baby ကို သွားခေါ်ရပေမည်။

Baby ယူချင်တာတွေ ယူလာခဲ့လို့ရအောင် သူဆိုင်ကယ်နဲ့မသွားဘဲ ကားနဲ့သာထွက်လာခဲ့သည်။ သူ Baby တို့အိမ်ကိုရောက်တော့ ပန်းခင်းထဲကနေ Baby ကပြေးထွက်လာသည်။

"Darling!''

"အင့်! ဖြေးဖြေးလာလေ Baby ရယ် ချော်လဲကုန်မှဖြင့် ကိုယ်ရင်ကျိုးရချည်ရဲ့''

"ဟီး! ဘာမှမဖြစ်ပါဘူး Darling ရဲ့''

"အဆိုးလေး''

သူ့ကိုပြေးဖက်ကာ ရင်ခွင်ထဲကနေ ေခါင်းလေးမော့လို့ ရယ်ပြလာတဲ့ Baby ရဲ့နဖူးပေါ်ကချွေးစက်လေးတွေကို သူ့နှုတ်ခမ်းနဲ့သုတ်ပေးမိသည်။ ပန်းခင်းထဲမှာ ဆင်းဆော့ထားပုံရနဲ့ Baby က ချွေးလေးတွေစိုနေတာတောင် ချစ်ဖို့ကောင်းနေတုန်းပဲ။

𝑽𝒊𝒔𝒊𝒕 𝑻𝒐 𝑻𝒉𝒆 𝑺𝒚𝒔𝒕𝒆𝒎 Where stories live. Discover now