Description

395 21 5
                                    

Unicode

ဗီလိန်

ငါသိနေတယ်။ တဖြည်းဖြည်းနဲ့ ငါ့ဘဝက ဗီလိန်တစ်ယောက်အဖြစ်ရုပ်လုံးပေါ်လာတာပဲ။ ငါလူတွေအားလုံးကိုမုန်းတယ်။ ဓားတွေဝှက်ထားတဲ့အပြုံးတွေကြားမှာ ငါဘယ်သူ့ကိုမှ ပြုံးမပြချင်တော့ဘူး။ အမုန်းတွေကြားက အတုအယောင်အပြုံးတွေကြောင့် ငါဘယ်သူ့ကိုမှ မယုံချင်တော့သလို ဘယ်သူ့ကိုမှလည်း ကောင်းမပြချင်တော့ဘူး။ ငါကဒေါသကြီးတယ်။ ရိုင်းတယ်။ အထက်စီးဆန်တယ်။ ငြီးငွေ့ဖို့ကောင်းတယ်။ နောက်ဆုံးမှာတော့ လူတစ်ယောက်ကို အမြဲလက်လွှတ်ရတာငါဖြစ်ပြီး ဒုတိယလူကလည်း ငါပဲအမြဲဖြစ်ခဲ့တယ်။

ဇာတ်လိုက်

ငါ အိပ်မက်အရှည်ကြီး တစ်ခုမက်ခဲ့တယ်။ အဲဒီအိပ်မက်ထဲမှာ ငါက ဇာတ်လိုက်တဲ့။ ငါမုန်းခဲ့တယ်ဆိုတဲ့ မင်းကဗီလိန်။ ဒါပေမဲ့ ငါမင်းကိုမမုန်းဘူး။ ချစ်တာ။ နောက်ဆုံးတော့ ငါ့အချစ်ဆုံးဖြစ်တဲ့မင်းဆီကို ငါပြန်ရောက်လာခဲ့ပြီ။ မင်းကငါ့အပိုင်ပဲ။

ထိုအချိန်တွင် ဗီလိန်လေးသည် မျက်လုံးထောင့်မှ အကြည့် တစ်ချက်ပေးလိုက်သည်။

ဇာတ်လိုက်သည် ချက်ချင်းဒူးထောက်ချလိုက်ပြီး ဆိုသည်။

"ကိုယ်မှားပါတယ်။ ကိုယ်ကမင်းအပိုင်ပါ။"

ပြာပြာ-"..........."

"Dialogue တောင် အပိုတွေမလုပ်ဘဲမပြောတတ်ကြဘူးလား!!!! (ノ`Д´)ノ彡┻━┻ "

အချစ်ဆုံးသို့Onde as histórias ganham vida. Descobre agora