သူ့စကားသံတွေလည်းဖွင့်ဟ မလာခဲ့
yoona က ကျောခိုင်းခါလှည့်ထွက်သွားပြီ
yoona နောက်ကိုသူပြေးလိုက် မသွားခဲ့ပါ ပြေးလိုက်ပြီးရှင်းပြရန် အကြောင်းလည်းသူ့မှာမရှိ
အရာ အားလုံးက အမှန်တရားပင် ဖြစ်သည်

သူ yunho ကိုချစ်သည် yoona အပေါ်တော့ညီမလေးတစ်ယောက်လိုသာ ခံစားချက်ရှိသည် အဆိုးဆုံးအမှန်တရားတစ်ခုက သူ yoona ကို လက်မထပ်နိုင်တော့ပေ
အဲ့ဒီအတွက် yoona အနေနဲ့ သူ့အပေါ်နာကြည်းခွင့်အပြည့်ရှိသည် မုန်းတီးခွင့်လည်းရှိသည်
ဒါပေမယ့် ဒီညတော့ yunho နားကသူတစ်ဖဝါးတောင်မခွာနိုင်ပါ ရှေ့ဆက်လာမည့်နေ့ရက်တွေမှာလည်း yunho က သူ့ကိုထွက်သွားပါ လို့မပြောမခြင်း သူ yunho ဘေးကထွက်မသွားပါ
ဆုံးဖြတ် ချက်တွေ အခိုင်အမာ ချထားရင်းသူ Yunho မျက်နှာလေးကို ငေးကြည့်မိသည် ပြီးတော့ Yunho နဖူး ပေါ်ကဆံပင်လေးတွေသပ်တင်ပေးရင်း တိုးတိုးလေးသူပြောမိသည်
C.M:Jung Yunho မင်းကိုငါ ချစ်တယ် အရမ်းချစ်တယ်
နှင်းတွေကျနေသည့် ဆောင်းသည် သူ့အတွက်တော့နွေးထွေးနေခဲ့သည် အဲ့ဒီညကသူyunho ဘေးမှာပဲ အိပ်မောကျခဲ့သည်

ထိုညပြီးကတည်းက Yunho သူ့ကိုရှောင်ဖယ်နေသလိုပင်
ဒါပေမယ့် yunho က အခုမစာချုပ် ချုပ်ပြီးကာစမို့လို့အလုပ်ရှုပ်နေတာဖြစ်နိုင်သည် သူအတွေးတွေနဲ့မော လာသည်

တစ်ပါတ်အကြာမှာ yoona သူ့ဆီ ဖုန်းဆက်ပြီး
သူ့ကိုတွေ့ဖို့ချိန်းသည်

yoona နဲ့သူ လူရှင်းတဲ့ စားသောက်ဆိုင်တစ်ခုမှာဆုံကြသည်
စားသောက်ခန်းမက တိတ်ဆိတ်လွန်းသည် yoona ဆီက စကားသံမကြားရသလို သူလည်း ဘာမှမပြောဖြစ်ပေ ညနေစာကိုသူတို့နှစ်ယောက်သားတိတ်ဆိတ်စွားစားသောက်ပြီးချိန်တွင် စားသောက်ခန်းမကနေ ဟန်မြစ်ကမ်းဘေးတလျောက်လမ်းလျောက်ရန်ထွက်လာကြသည်

လမ်းလျောက်ခါစအချိန်မှာတော့ သူစကားစလိုက်သည်
C.M: yoona မနေ့ကဖြစ်သွားတဲ့ကိစ္စက

Y.N: နားလည်ပါတယ် အဲ့ဒီညက ညီမလည်းရုတ်တရက်မို့ Shock ဖြစ်သွားတာပါ တကယ်ဆို oppa လည်းမူးနေတာပဲကို မူးပြီး ကိုယ့်သူငယ်ချင်းကိုနမ်းမိတာက အပြစ်ပြောလို့မှမရတာ

Snow FlakeΌπου ζουν οι ιστορίες. Ανακάλυψε τώρα