yunho ကအမူးလွန်နေသည်
သူလည်းအရက်နည်းနည်းသောက်ဖြစ်သည်
yoona က သူတို့နှစ်ယောက်ကို အိမ်ပြန်လိုက်ပို့သည်
yoona အခန်းတံခါးကို အနိုင်နိုင်သူဖွင့်ရင်း yunho ကောသူပါ ဟန်ချက်မညီပေ

Y.H: ဘာလို့လဲ ဘာလို့သူက ငါ့ကိုထားသွားတာလဲ changmin ငါ့ကိုဖြေပါ ငါဘယ်နေရာမှာများလို့လဲ

changmin နှုတ်ဆိတ်နေခဲ့သည် နှုတ်ခမ်းကိုတင်းတင်းစေ့ထားရင်းသူဘာစကားမှမပြောဖြစ်ပါ စကားသံတစ်သံတောင်မထွက်နိုင်လောက်အောင် သူဆွံ့အနေခဲ့သည်

yunho အခန်းထဲအရောက်မှာ yunho ကုတင်ပေါ်ကိုသူနဲ့ yunho ဟန်ချက်မညီစွာလဲကျသွားသည်
yunho ဆီက အရက်နံ့နဲ့အတူ yunho ရဲ့ကိုယ်သင်းနံ့ခပ်ပြင်းပြင်းကိုသူရှူရှိုက်မိသည် သူ တစ်နှစ်လုံး ထို ကိုယ်သင်းနံ့ကို အိမ် ရဲ့နေရာအနှံ့မှာရနေကြပင်ဖြစ်သည်
ဒါပေမယ့် ဒီလိုမျိုးအနီးကပ်ရှုရှိုက်ဖူးတာတော့ ဒါပထမဆုံးပင်ဖြစ်သည်
ဖြစ်နိုင်ရင်ဒီအခြေအနေလေးက သူရုးန်းမထွက်ချင်ပါ
အသိစိတ်မလွတ်အောင် ထိန်းရင်း yunho ကို အိပ်ရာပေါ်မှာနေရာကြအောင် ထား လိုက်သည်
ပြီးတော့ သူ yunho အခန်းထဲက ထွက်သွားရန် ပြင်ဆင်နေတုန်းမှာပဲ yunho လက်တစ်ဖက်သည် သူ့ရဲ့လက်ကောက်ဝတ်ကိုဖမ်းဆွဲထားသည်
သူyunho မျက်နှာကို လှည့်ကြည့် မိချိန်မှာ မျက်ရည်စအချို့နဲ့ yunho မျက်နှာသည် သူ့အတွက်တော့ ဘဝမှာ ထိခိုက်နာကျင်စရာအကောင်းဆုံးပင်ဖြစ်သည် ဆုတ်ကိုင်ထားတဲ့ လက်ကိုဖြုတ်ချပြီးသူထွက်သွားဖို့ဆိုတာမဖြစ်န်ုင်တော့ပေ

yunho ကုတင်အစပ်မှာထိုင်ရင်းနဲ့ သူ yunho မျက်နှာကိုစိုက်ကြည့်နေသည်
လွန်ခဲ့တဲ့တစ်နှစ်ကလည်း yunho ဒီလိုညမျိုးမှာ အရက်တွေမူးကာသူ့ဆီရောက်လာဖူးသည်
ဒါပေမယ့် အဲ့ဒီတုန်းက သူ့ခံစားချက်က အခုလောက်မဆိုးဝါးသေးပါ ထိန်းသိမ်းနိုင်သေးသည် အခုသူ့စိတ်တို့ဟာ ဘာကိုမှမထိန်းသိမ်းချင်ပေ yunho ကိုသူဘယ်လိုခံစားရကြောင်းသိစေချင်သည် yunho ကို သူဘယ်လောက်ချစ်မိနေလည်းဆိုတာ သူပထမဆုံး သူ့ကိုယ်သူထိတ်လန့်မိသည်
အဲ့ဒီနောက်

Yoona: oppa

yoona ခေါ်သံကိုကြားလိုက်ရတဲ့အချိန်မှာ သူ့အသိစိတ်ပြန်ဝင်လာပြီ သွားပြီ အားလုံး ရှင်းလင်းရဖို့ဖြစ်လာခဲ့သည်
သူ yoona ဖက်ကိုလှည့်လိုက်တဲ့အခါ yoona မျက်ဝန်းမှာ အံ့သြခြင်းနဲ့ နာကျင်ခြင်းတို့ပေါင်းစပ်ထားတဲ့ ဒဏ်ရာတွေကိုသူတွေ့သူ မျက်ရည် စတွေ သူ စိတ်လွတ်၍ yunho နှုတ်ခမ်းကိုနမ်းလိုက်မိတာဟာ yoona ကိုအထိခိုက်ဆုံး ဖြစ်စေတော့သည်

Snow FlakeWhere stories live. Discover now