အပိုင်း(၂၉)

Start from the beginning
                                    

"ငါ့ ချစ်သူငါ ခေါ်လာတာဘာဖြစ်လို့လဲ..."

"မင်းနဲ့ငါ အဆင်ပြေနေလို့လား...."

"ကလေး...."

Jeon အသံခပ်မာမာတွင်သူမနေ့က
Memory တွေကိုပြန်တွေးနေပုံရသည်။
ဂယောက်ဂယက်မျက်လုံးအိမ်တွေသည်
မအေးချမ်းနိုင်သေးဘူး။

"မနေ့က ငါဂယောင်ခြောက်ခြားနဲ့
ငါဘာတွေလုပ်မိ ပြောမိလဲမသိတော့ဘူး
မမှတ်မိတော့ဘူး...ငါတစ်ခုခုလုပ်မိခဲ့ရင်
နားလည်ပေးပြီး မေ့လိုက်..."

မနေ့ကကင်မင်ဂျွန်နဲ့အဖြစ်အပျက်ကို
မောင်တွေ့ရှိသွားတဲ့အပေါ်အစထဲက
သိမ်ငယ်နေရသည့်ကြားထဲ
ခုဆိုရင်ရှက်ရွံ့သည့်စိတ်တွေပါဖြစ်နေသည်။
အထင်သေးသွားမလား။ သူဟာသနားစဖွယ်
ကောင်းလွန်းလို့ကယ်တင်လာရတာမျိုးလား။

ကင်မင်ဂျွန်၏ မိန်းမရောက်လာ၍စေ့စပ်ပွဲ
ပျက်သွားရတာတွေလည်းမောင်သိနေလောက်ပြီ။
ပထွေးဖြစ်သူကိုအယုံလွယ်ပြီးဒုက္ခကြီးကြီး
ရောက်ခဲ့တဲ့ကိစ္စတွေ မောင်သိနေမှာ။
မောင့်ကိုခြေစုန်ကန်ခဲ့တာတွေ။
အဲ့ဒီစာမျက်နှာတွေကို ဝန်မခံချင်နေဘူး။
ဆိုးသွမ်းလွန်းစွာ လက်မခံချင်နေဘူး။

"ဘာလုပ်မိရမှာလဲ....ဘာမှမလုပ်မိဘူး
လုပ်မိလည်း ဘာဖြစ်ရမှာလဲ
Jimin ...တွေးတာတွေတော်ပါတော့
မောင်တောင်းပန်ပါတယ်..."

မရပ်တန့်နိုင်ခဲ့ဘူး။ သူအိပ်ရာခင်းကို
စိုက်ကြည့်ကာအများကြီးကိုတွေးနေပြန်သည်။
ထို့နောက် မောင့်ကို ယောက်ယက်ခတ်နေသော
မျက်လုံးတွေနဲ့ကြည့်လာကာ....

"မင်း ငါ့ပြဿနာတွေအကုန်သိပြီးပြီမလား
ရှက်စရာကောင်းတယ်မလား...
ငါက..ငါက အမှားတွေကိုပဲလုပ်ခဲ့တာ
ငါ့ကို ..သနားလို့ ကယ်လာပေးခဲ့တာမလား
ငါ လူတွေရဲ့ မျက်လုံးတွေ ထဲ စုတ်ပြတ်သတ်နေပြီ
မင်းက ဟိုလူနဲ့ငါ့ကိုတွေ့ခဲ့တဲ့သူဆိုတော့
ငါ့ကို ပိုရွံနေမှာပဲ....ငါ့ကို လာမထင်မသေးနဲ့နော်
ငါ ကသနားစရာမဟုတ်ဘူး....ငါ..."

အိပ်ရာနိုးနိုးချင်းကိုမငြိမ်းချမ်းနိုင်သော
အပူတွေ။သူဒါတွေကို
အချိန်တိုင်းများတွေးနေတာလား။
ပြောနေရင်းစိတ်တွေအလွန်အမင်းလှုပ်ရှားလာကာ
တဆက်ဆက်တုန်လာသည့်ခန္ဓာကိုယ်လေးအား
မောင်ကရင်ခွင်ထဲကိုဆွဲထည့်ကာခပ်တင်းတင်း
ပွေ့ဖက်လိုက်သည်။

အက်ကြောင်းကဗျာ🍂Where stories live. Discover now