ခရီးလမ်းမှာ လူသားစားငါးမန်းတွေနဲ့ကြုံတွေ့ရသောအခါ လင်ရှီးနဲ့လင်ကျင့်သည် သူတို့ရဲ့ပုံသဏ္ဍာန်ကိုဖုံးကွယ်ရန် လူသားတွေရဲ့သင်္ဘောပျက်တွေထဲဝင်၍ ပုန်းအောင်းကြသည်။

    လူသားစားငါးမန်းတွေထွက်မသွားခင်အထိ သူတို့သင်္ဘောပျက်ထဲကနေမထွက်ကြပေ။

      ချင်ရှောင်း နောက်ဆုံးတော့အိမ်ပြန်ရောက်ချိန်တွင် လင်ရှီးအဝေးရောက်နေတာသုံးရက်တောင်ရှိနေပြီးဖြစ်သည်။

     ဒီသုံးရက်အတွင်း လင်ရှီးရဲ့သတင်းတွေကိုမကြားရပေ။ ရေသူလေးက ချင်ရှောင်းရဲ့ဘဝထဲကနေ လုံးဝပျောက်ကွယ်သွားသလိုပင်။

     တကယ်တော့ချင်ရှောင်း ဟိုးအရင်ကတည်းက ထင်နေခဲ့တာဖြစ်သည်။ သူဒီနေရာမှာ လင်ရှီးကိုဆွဲမထားနိုင်ပဲ လင်ရှီးကတစ်နေ့နေ့ထွက်သွားနိုင်ကြောင်း သူသိနေခဲ့သည်။

    သူထင်ခဲ့မိတာက လင်ရှီးနဲ့အိပ်ပြီးသွားတဲ့နောက်မှာ လင်ရှီးရဲ့အတွေးတွေက ပြောင်းလဲသွားလိမ့်မည်လို့ပင်။ ဒါပေမယ့် အခုတော့သူကလုံးဝကို အတွေးလွန်နေခဲ့ပုံပဲ။

      ချင်ရှောင်းလွှတ်ထားလိုက်မယ်လို့ စိတ်ကူးခဲ့ပေမယ့် တစ်နေ့မှာတစ်စုံတစ်ယောက်က ရေသူလေးကိုပိုင်ဆိုင်သွားနိုင်တယ် ဆိုတဲ့အတွေးကိုတော့ သူသည်းမခံနိုင်ပေ။

      ချင်ရှောင်း လင်ရှီးရဲ့တည်ရှိမှုကိုရှာဖို့ သူ့ကိုယ်ပိုင်အင်အားကိုအသုံးပြုလိုက်သည်။

    လင်ရှီးသည် သူ့ဘေးမှာလင်ကျင့်ရှိနေတာကြောင့် လူအုပ်ကြားထဲတော့မရောနေလောက်ဘူးဟု ခန့်မှန်းမိသည်။

     လူနှစ်ယောက်အတွက် သူတို့အသွင်အပြင်ကိုဖုံးကွယ်ဖို့က အရမ်းမလွယ်ကူလှပါချေ။

     အဖြစ်နိုင်ဆုံးက ပင်လယ်အောက်ကိုသွားတာပင်။

     ကျယ်ပြောလှတဲ့လူစုလူဝေးကြားမှာ လူနှစ်ယောက်ကိုရှာဖို့ဆိုတာ မလွယ်ကူလှပေမယ့် ပင်လယ်သမုဒ္ဒရာထဲမှာဆို ချင်ရှောင်းရှာဖို့ပိုလွယ်သွား၏။

     ချင်ရှောင်းမရေတွက်နိုင်တဲ့ ရှာဖွေရေးကိရိယာများကို ပင်လယ်ထဲမှာရှာဖွေဖို့ပို့လိုက်သည်။ ဒီကိရိယာတွေက စစ်ဘက်သုံးနည်းပညာမြင့်ထုတ်ကုန်တွေဖြစ်ပြီး အဲ့တာတွေကို ရှာဖွေးရေးလုပ်ငန်းစဥ် လုပ်နေချိန်အတွင်းမှာ ရန်သူ့ဘက်ကအခြေအနေကိုပါ ထောက်လှမ်းဖို့အသုံးပြုနိုင်သည်။

The Villain Dressed As a Little MermaidWhere stories live. Discover now