" အာ... အဲ့လိုလား...."

Taehyung၏စကားကြောင့် သူဌေးKimသည် အနည်းငယ်ပျာလောင်ခတ်သွားသည့် အမူအရာမျိုးနှင့် စာကြည့်စားပွဲကနေထကာ ဧည့်ခန်းအတွင်းမှာ နေရာကောင်းကိုသွားရှာနေလျှင် Taehyungသည် ရယ်မိသွားရသည် ။

Jungkookသည်လည်း သားအဖနှစ်ယောက်၏ပြေလည်စအခြေအနေတွေဟာ အနည်းငယ် ကိုးရိုးကားယားနိုင်သော်လည်း ချစ်စဖွယ်ဖြစ်၍ သဘောတကျရယ်မိသည် ။

Taehyungနှင့်Jungkookသည် Netherlandsမှာပင် လက်ထပ်ဖို့စီစဉ်ထားကာ လအနည်းငယ်နေထိုင်ဖို့ကိုလည်း တွေးထားသည် ။

Taehyung၏အိပ်မက်မှာ ကမ္ဘာပတ်ပြီး နေရာအစုံမှာလုပ်ချင်သည်ဖြစ်၍ တစ်နေရာထဲမှာတော့ သူတို့ဟာအခြေကြာကြာမချပေ..။

Netherlandsကိုမသွားခင်အတောအတွင်းက သူဌေးKim၏အိမ်မှာသာ နေထိုင်သည်ဖြစ်၍ Jungkook၏တိုက်ခန်းကိုက သော့ခတ်ထားခဲ့ပြီး မိဘမဲ့ဂေဟာကိုပင် သော့အပိုင်ပေးထားလိုက်သည် ။

ညအချိန်ဖြစ်၍ ကုတင်ထက်မှာ ဝမ်းလျားမှောက်ကာ ဘောင်းဘီကင်းမဲ့နေသည့် တင်လုံးလုံးလေးနှစ်ခုပေါ်မှာ ပေါင်းတင်ကပ်ခွာတစ်ခုဆီ ကပ်ထားပါသည့် Taehyungသည် Netherlandsအကြောင်း ရေးထားသည့် မဂ္ဂဇင်းစာအုပ်ကိုဖတ်နေသည် ။

Jungkookကတော့ Taehyung၏ဘေးမှာထိုင်နေကာ Taehyung၏ညာဘက်အောက်မှာ Tattooထိုးထားသည့် သူ့၏အမည်နာမဖြစ်သော Jeon Jungkookဟူသည့် စကားလုံးအလှလေးအား လက်ညိုးလေးနှင့်ခပ်ဖွဖွလေးပွတ်ဆွဲရင်း ပြုံးသည် ။

" Jung... မင်း ဆွနေလို့... ငါ့ဟာonလာရင်တော့... တာဝန်ယူရမှာနော်..."

" မonတဲ့အချိန်က အစတည်းက ခပ်ရှားရှားပဲကို... သွားချင်တဲ့နေရာတွေရွေးပြီးပြီလား..."

" အင်း... လေရဟတ်တွေရှိတဲ့နေရာသွားချင်တယ်... ဒီမှာ ကျူးလစ်ပန်းခင်းကလည်း မျက်စိတစ်ဆုံးပဲ..."

" Netherlandsမှာ နေဖို့ရှာထားတဲ့အိမ်မှာလည်း.. ကျူးလစ်ပန်းခင်းရှိတယ်... အုပ်ကြွပ်တွေနဲ့ကာမိုးထားတဲ့ ထပ်ခိုးပါတဲ့အိမ်လေးရယ်... အမျိုးအစားအရောင်စုံလင်တဲ့ ကျူးလစ်ပန်းခင်းရယ်.. သစ်သားခုံတန်းတစ်ခုရယ်... ပြီးတော့ Netherlandsမှာ နေထိုင်သူတွေမှာ စက်ဘီးတစ်စီးဆီရှိတတ်ကြတယ်ဆိုတော့... စက်ဘီးတစ်စီးရယ်... အင်း... သဘောကျချင်စရာလေးမလား... အေးချမ်းပြီး ပြီးပြည့်စုံတယ်..."

Bodyguard (Complete)Where stories live. Discover now