Part ~ 30

11.6K 1.2K 68
                                    

zawgyi

လူနာကုတင်ထက်မှာ ညလုံးပေါက်ပင်ပန်းသွားခဲ့သည့်အရှိန်ဖြင့် အိပ်မောကျနေပါသော အညိုလေးက ဒရစ်ကဆေးရည်ကုန်၍ သူနာပြုကလာရောက်ပြီး ဆေးသွင်းအပ်ကိုဖြုတ်ပေးသွားသည်အထိ မနိုးထသေး ။

" လူနာ.. အိပ်ရာကနိုးရင်... ဆေးရုံဆင်းလို့ရပါပြီ..."

သူနာပြု၏အပြောကို Jungkookတစ်ချက်ဦးညွှတ်ပြကာ ကျေးဇူးတင်ကြောင်းလည်း ဆိုလိုက်သည် ။

သူနာပြုက လူနာခန်းထဲကနေထွက်သွားပြီဆိုမှ အညိုလေး၏ဆံနွယ်ကိုအသာယာ သပ်တင်ပေးပြီး နဖူးထက်အနမ်းတစ်ပွင့်ပေးကာ laptopတစ်လုံးနှင့် VVIPလူနာခန်းဖြစ်၍ စားပွဲဝိုင်းဆိုဖာတွေခင်းကျင်းပေးထားသည့်နေရာမှာ ဝင်ထိုင်လိုက်ကာ Bodyguard Bae Jinyoungနှင့် ဆက်သွယ်ပြီး Barကအဖြစ်အပျက်ကို စနည်းနာရသည် ။

" မီးဖျက်သွားတဲ့ တရားခံလို့ယူဆရတဲ့ Barက ဝိတ်တာတစ်ယောက်ကိုတော့ အမြီးနင်းမိထားပြီ.. Bodyguard Jeon... ဘယ်လိုဆက်လုပ်ရမလဲ..."

" သူ့ဆီကနေ... နောက်ကွယ်ကလူကို ဖော်ထုတ်နိုင်အောင်လုပ်ရမှာပေါ့... ငါက ကိုယ်တိုင်လုပ်ရှားလို့ မဖြစ်သေးဘူး.. မင်းပဲ တာဝန်ယူပေး.. အကျိုးအကြောင်းကိုတော့.. ကျေးဇူးပြုပြီး ငါ့ဆီကို အဆက်မပြတ်သတင်းပို့ပေးပါ..."

" စိတ်ချပါ.. Bodyguard Jeon...."

Bae Jinyoungနှင့် ဆက်သွယ်ပြီးသွားသည့်အခါ Emailကနေတဆင့် Bae Jinyoungပို့ပေးလာသည့် သန့်စင်ခန်းကိုမီးဖြတ်သည့်တရားခံဟု ယူဆရသည့်ဝိတ်တာ၏ အချက်အလက်များကို Jungkookထိုင်စစ်ဆေးနေမိသည် ။

" Jung...."

အိပ်ရာနိုးလာသည့် Taehyungဟာ အိပ်ချင်မူးတူးနှင့် လူနာကုတင်ကနေထကာ Jungkookကိုဝေ့ဝဲရှာပြီး ဆိုဖာထက်မှာ Laptopတစ်လုံးနှင့် အလုပ်လုပ်နေသည့် Jungkookကိုတွေ့သည့်အခါ ကုတင်ကနေဆင်းလာသည် ။

Jungkook၏ပေါင်ပေါ်သို့ ခွလျက်သားလေးအနေအထားနှင့် တက်ထိုင်လာပါသော အညိုလေးကြောင့် Jungkookမှာ Laptopကို စားပွဲထက်လှမ်းတင်လိုက်ရပြီး သူ့၏ပခုံးမှာ မေးဖျားလေးတင်၍မှိန်းနေပြန်ပါသော အညိုလေး၏ခါးသွယ်သွယ်ကိုပွေ့ဖက်ထိန်းလိုက်သည် ။

Bodyguard (Complete)Where stories live. Discover now