Part ~ 21

12.3K 1.2K 125
                                    

zawgyi

ကုတင်ထက်မှာ ဇောချွေးများနှင့် လဲလျောင်းနေသည့် Taehyung အိပ်မက်ဆိုးကြားမှာ ရုန်းကန်ရလျက်ရှိနေသည် ။

Jungkookကတော့ Taehyung၏ချွေးစများကို အဝတ်စသန့်သန့်နှင့် သုတ်သင်ပေးကာ ချွေးမငုတ်စေရအောင် အဝတ်အစားကိုလည်း လဲလှယ်ပေးကာ တစ်ညလုံးနီးပါး စောင့်ရှောက်ပေးနေခဲ့ပြီး စိုးရိမ်စိတ်ပူနေသည့်မျက်ဝန်းများက အထင်းသား...။

အညိုလေး၏ အမှောင်ထုကို ကြောက်သည့် Traumaက အညိုလေး ပြန်ပေးဆွဲခံရသည့်အချိန်တုန်းက ရရှိခဲ့တာဖြစ်သည် ။

လူသူပြတ်လပ်သည့် တောအုံကြိုကြားထဲက ဂိုဒေါင်ပျက်၌ တစ်ပတ်တိတိချုပ်နှောင်ခံခဲ့ရသည့် ၁၆နှစ်အရွယ် ကောင်လေးတစ်ယောက်က မည်မျှထိ အကြောက်တရားတွေကို တစ်ယောက်တည်း ရင်ဆိုင်ခဲ့ရမည်လဲဆိုသည်ကို Jungkook မှန်းပင်မမှန်းဆရက်နိုင်..။

အိပ်မက်ဆိုးကြောင့် မျက်ခုံးတန်းတန်းလေး တွန့်ချိုးနေသည့် Taehyung၏လက်ကို Jungkookလက်နှစ်ဖက်လုံးနှင့် အုပ်မိုးဆုပ်ကိုင်ပြီး နှုတ်ခမ်းသားနှင့်ထိကပ်လျက် ငေးစိုက်ကြည့်နေမိသည်မှာ အတန်ကြာ ။

အညိုလေးအပေါ် ကျရောက်လာနိုင်သည့် အန္တရာယ်တွေ အခက်အခဲတွေကနေ သူ အစွမ်းကုန် ကာကွယ်စောင့်ရှောက်ပေးနိုင်သည်ဆိုသော်လည်း သူနှင့်မတွေ့ဆုံခင်က ရရှိခဲ့သည့် အညိုလေး၏ဒဏ်ရာများကနေ ကာကွယ်မစောင့်ပေးနိုင်သည်မှာ သူ့အတွက် ယူကြုံးမရ အဖြစ်ဆုံးပဲ..။

မနက်မိုးလင်းခါနီးမှ အိပ်ပျော်သွားခဲ့သည့် Jungkookက ကုတင်ထက်မှာ ခေါင်းလေးအမှီပြုရင်း လက်ကတော့ Taehyung၏လက်ကို မလွတ်တမ်း ဆုပ်ကိုင်ထားဆဲဖြစ်သည် ။

ဖြူဖျော့နေသည့် နှုတ်ခမ်းပါးနှင့်အတူ Taehyung အိပ်ရာကနိုးလာသည့်အခါ သူ့အနားမှာ ရှိနေပေးသော Jungကြောင့် နှုတ်ခမ်းပါးထက် ခပ်ရေးရေး အပြုံးဖြစ်တည်သည် ။

Jung၏ချောမောခန့်ညားလှသည့် မျက်နှာကို ငေးစိုက်ကြည့်ရင်း ထိုပြစ်ချက်မရှိသည့် မျက်နှာအစိတ်အပိုင်းများကို ထိတွေ့ချင်၍ လက်လေးအသာရုန်းထွက်လိုက်သည့်အခါ အအိပ်ဆတ်သော Jungက ချက်ချင်းပင်အသိဝင်လာသည် ။

Bodyguard (Complete)Where stories live. Discover now