Part ~ 37

11.1K 1.1K 26
                                    

zawgyi

တိုက်ခန်းဆီသို့ ပြန်ရောက်လာကြသည့် Taehyungနှင့်Jungkookတို့နှစ်ဦးသား..။

Taehyungသည် တံခါးpasswordsကို ဖွင့်ဝင်လိုက်သည်နှင့် ဧည့်ခန်းတွင်းအနေအထားဟာ မီးခပ်မှိန်မှိန်ထွန်းညှိထားသည့်အနေအထားဖြင့် ကြုံတွေ့လိုက်ရသည် ။

အနီရောင်သန်းသည်လည်းမဟုတ်ဘဲ လိမ္မော်ရောင်ဖျော့ဖျော့ မီးရောင်သည် ပရိဘောဂအရာဝတ္ထုပစ္စည်းများကို မြင်ရုံလောက်သည်အထိသာလင်းသည် ။

" အဆင်ပြေရဲ့လား... ဒီလောက် အလင်းက...."

" အင်း... ပြေတယ်...."

အမှောင်ရိပ်သန်းချင်သည့် မီးရောင်ဖျော့ဖျော့က Taehyung၏စိတ်ကို အနည်းငယ်တုန်လှုပ်စိတ်ဖြစ်ပေါ်စေသော်လည်း အနားမှာ Jungရှိသည်ဟူသည့် စိတ်ကြောင့် အားကိုးရနေသလို အဆင်တော့ပြေသည် ။

" ငါတို့က ဧည့်ခန်းထဲမှာ လုပ်မှာတော့ မဟုတ်ဘူးမလား..."

" ဧည့်ခန်းထဲမှာ... မဟုတ်ဘူး... ထိုင်ခုံမှာ... "

" အမ်?...."

Jungkookသည် နားမလည်သလို ကြည့်လာသည့် အညိုလေး၏လက်ကိုဆုပ်ကိုင်လိုက်ကာ ရှင်းလင်းထားသည့်စတိုခန်းတစ်ခုကိုခေါ်ဆောင်သွားလိုက်သည် ။

" ချောက်...."

စတိုခန်း၏တံခါးလက်ကိုင်ဘုကို လှည့်ဖွင့်လိုက်သည့်အခါ မှောင်ရိပ်ကျနေသည့်အခန်းတွင်းကြောင့် ခန္ဓာကိုယ် အနည်းငယ်တွန့်လျက် လက်ဖျားများအေးစက်သွားခဲ့ပါသည့် Taehyung ။

Jungက အခန်းမီးခလုတ်ကိုဖွင့်လိုက်သည့်အခါမှ ကြိုးတန်းလန်းနှင့်ချိတ်ဆွဲထားသည့် မီးသီးတစ်လုံးသည် လိမ္မော်ရောင်ဖျော့ဖျော့အဆင်းနှင့် အခန်း၏အလယ်တည့်တည့်မှာထွန်းလင်းလာသည် ။

ခပ်ဖျော့ဖျော့ မီးရောင်အောက်မှာ ထားရှိထားသည့်ကုလားထိုင်တစ်ခု...။
မီးကအရောင်မှိန်လွန်းသဖြင့် ထိုကုလားထိုင်တစ်ခုကိုသာ ကောင်းကောင်းကန်းကန်းမြင်ရပြီး ဘေးပတ်ဝန်းကျင်ကတော့ အရိပ်ကျနေသည် ။

ကုလားထိုင်ပေါ်တွင်တော့ အနီရောင်ကြိုးခွေနှင့် ပုဝါစအမဲကိုတင်ဆောင်ထားသည် ။

Bodyguard (Complete)Tahanan ng mga kuwento. Tumuklas ngayon