Part ~ 12

15K 1.4K 59
                                    

zawgyi

အိမ်ပြာတော်အတွင်း ။
သမ္မတကြီးက Jungkookကိုခေါ်တွေ့၍ Jungkookတစ်ယောက် သမ္မတကြီးအရှေ့မှောက်သို့ရောက်လျှင် သတိအနေအထားဖြင့် ခြေစုံရပ်လိုက်သည် ။

" ထိုင်ပါဦး..."

" Nae..."

သမ္မတကြီးက စကားပြောသည့်အခါ အနည်းငယ် ပြတ်သားကောင်းပြတ်သားလိမ့်မည်ဆိုပေမယ့် ဘယ်သောအခါမှ ခွဲခြားဆက်ဆံသည်မျိုးမရှိဖူး ။

Jungkookက သမ္မကြီးအရှေ့ကထိုင်ခုံမှာ နေရာယူလိုက်ပြီဆိုမှ သမ္မတKimက စာကြည့်မျက်မှန်လေးကိုချွတ်ရင်း ပင့်သက်အသာရှိုက်သည် ။

" ခဏနေကျရင်... Private Flightနဲ့.. UNကို သွားရတော့မှာ.. မသွားခင်.. မင်းကို မှာချင်ခဲ့တာလေးတွေရှိလို့..."

" သခင်လေးအတွက်ကတော့ စိတ်ချပါ.. သမ္မတကြီး.. ကျွန်တော် သေချာ စောင့်ရှောက်မှာပါ..."

" အင်း.. မင်းကိုက ယုံတယ်... မင်းပဲ သူ့ကို ထိန်းနိုင်တာ.. အခု.. ပြောချင်တဲ့စကားက Taehyungကို မင်း ဖြောင်းဖျပေးနိုင်မလားဆိုတဲ့ မျှော်လင့်ချက်နဲ့... အမှာပါးခဲ့ချင်တာ..."

Jungkook၏ အာရုံတစိုက်နားစွင့်ပေးနေသည့် ဟန်ပန်ကို သမ္မတKimက ကြည့်လာသည် ။

" Taehyungရဲ့အမေဘက်က အဘိုးအဘွားက ရှေ့တစ်ပတ်လောက်က ငါ့ကို ဆက်သွယ်လာခဲ့တယ်.. သူတို့က အသက်အရွယ် ရလာပြီဆိုတော့.. နောင်တရတာလားဘာလားတော့ မသိပေမယ့်.. Taehyungကို တွေ့ချင်တယ်တဲ့... အမွေကိစ္စလည်း ပြောချင်တယ်တဲ့... အဲ့ဒါ... စာမေးပွဲပြီးလို့ ကျောင်းပိတ်ရက်ရှည်ကျ သူ့အဘိုးအဘွားရှိတဲ့ Jejuကို သွားနေဖို့ဖြောင်းဖျပေးကြည့်ပါလား..."

" အာ..."

သမ္မတကြီး၏စကားကို Jungkookချက်ချင်း အဖြေမပေးနိုင် ။
အညိုလေးက သူ့အမေနှင့်ပတ်သက်ပြီး သိုဝှက်ထားသည့်ခံစားချက်တို့က နက်ရှိုင်းလွန်းသည် ။
အမိမြေတစ်မြေတည်းမှာ ရှိနေသားနဲ့ ယခုမှပင် အဆက်အသွယ်လုပ်လာသော အဘိုးအဘွားတို့ဆီသွားနေပေးရန် ဖြောင်းဖျလို့ရမရကမသေချာ ။

" ခက်ခဲလောက်မယ်ဆိုတာတော့ သိတယ်... ဒါပေမယ့်.. ငါ့အနေနဲ့တော့ Taehyungကို သူ့အဘိုးအဘွားတွေဆီ သွားစေချင်တယ်.. Taehyungက သူ့ရဲ့အမေနဲ့သိပ်တူတာ... Taehyungကိုသာ သူတို့တွေ့ခဲ့ရင်... နည်းနည်းလောက်ဖြစ်ဖြစ်.. Taehyungအမေကို လွမ်းတဲ့စိတ်တွေ လျော့ပါးသွားလိမ့်မယ်လို့ မျှော်လင့်မိတယ်..."

Bodyguard (Complete)Where stories live. Discover now