Part ~ 31

10.9K 1.2K 51
                                    

zawgyi 

မနက်ခင်းအစောပိုင်းတွင် တောင်ကိုးရီးယားနိုင်ငံတစ်ခုလုံးကို ကိုင်လှုပ်နိုင်ခဲ့သည့် သမ္မတ၏သားနှင့် Bodyguardဖြစ်သူတို့၏ တိတ်တိတ်ပုန်းအချစ်ရေးသတင်းဟာ ပွစာကြဲလျက်ရှိနေသည် ။

လိင်တူကြိုက်သည်ကို လက်သင့်မခံနိုင်ကြသေးသည့် ရှေးရိုးစွဲလူများဟာလည်း ဒုနှင့်ဒေးရှိသည့်အပြင် တမင်သက်သက် အပုပ်အပွတွေသာရှုံ့ချတတ်ကြသည့် လူအများစုဟာလည်းရှိနေတော့ အမှန်တကယ်ကို သတင်းကြီးဖြစ်နေသည် ။

သမ္မတကြီးကိုလည်း ထိခိုက်ပြောဆိုထားကြကာ သမ္မတနေရာကနေဆင်းပေးဖို့ ဆန္ဒပြနေကြသည့်လူတစ်စုကလည်း သက်သက်ကိုရှိသည် ။

Jungkookမှာ ထိုပွဲပျက်စေသည့်သတင်းကြီးကြောင့် တုန်လှုပ်ခြင်းကိုမခံစားရသော်လည်း ဘေးကြပ်နံကြပ်တော့ဖြစ်စေခဲ့တာဖြစ်သည် ။

သူ့အတွက်ကြောင့်နှင့် အညိုလေးကိုရော သမ္မတကြီးကိုရော ပုတ်ခတ်ပြောဖို့ရာက မလိုတမာသူတွေ၏အခွင့်အရေးဖြစ်လို့သွားခဲ့သည် ။

" အရေးမပါတဲ့ commentsတွေ လိုက်ဖတ်မနေနဲ့.. Jung.. လူတွေက အဲ့တိုင်းပဲ.. သူတို့ကိုယ်တိုင်ကျ ဘာမှဖြစ်ဖြစ်မြှောက်မြှောက်မရှိကြဘဲနဲ့.. သူများကို ထိပါးပုတ်ခတ်ဖို့ဆို.. ထိပ်ဆုံးကပဲလေ.. သနားဖို့ကောင်းလိုက်တဲ့လူတွေ.. ကိုယ့်ကိစ္စကိုယ်ကျ အချိန်ပေးလားမသိ မပေးလားမသိနဲ့... အချိန်လာဖြုန်းနေကြတယ်.."

Taehyungကတော့ အင်တာနက်မှာပွစလောင်းထနေသည့် Jungနှင့်သူ့၏dating newsကို စိတ်မဝင်စားပေ..။
တကယ်လည်း သူတို့အချစ်ရေးက အဲ့လိုပဲလေ..။

" ဒီသတင်းက... သမ္မတကြီးကို.. ရိုက်ခတ်လာနိုင်တယ်... သခင်လေး.. ကျွန်တော်တို့ ဖြေရှင်းရမယ်ထင်တယ်..."

ဆိုဖာထက်မှာ လျော့တိလျော့ရဲအမှီပြုကာထိုင်နေသည့် Taehyungက အာလူးချောင်းကြော်ကိုနှိုက်စားနေရင်း လေးနက်ဟန် မျက်နှာထားနှင့် Jungkookကိုကြည့်လာသည် ။

" ဘယ်လို ဖြေရှင်းမှာလဲ... အဲ့ဒီ့သတင်းက အမှန်ပဲလေ..."

Jungkookက ဖုန်းထဲကနေ တောက်လျှောက်တက်လာနေသည့် သူတို့၏သတင်းများကိုကြည့်ရင်း သမ္မတကြီးဆီမှ ဖုန်းဝင်လာသည့်အခါ ချက်ချင်းပင် ဖြေဆိုလိုက်သည် ။

Bodyguard (Complete)Where stories live. Discover now