17

731 79 6
                                    






ခေါင်းမူးလို့ နားချင်တယ် ဆိုတော့ ဒိုယွန်းက သူမကို ဟိုတယ်ခန်းတစ်ခန်းယူပေးတယ်။ဒီရောက်တုန်း သူမနဲ့အတူ လည်ဖို့ အများကြီး ပြင်ဆင်လာမှာမှန်း သိပေမယ့် ဂျူဟျွန်း အားမနာနိုင်တော့ပါ။

ညစာကိုတော့ အတူစားဖို့ ပြောလာတော့ လက်ခံမိသည်။

ခဏအိပ်လိုက်ပေမယ့် ခေါင်းကိုက်တာက ပျောက်မသွား။ ဒိုယွန်း ၀ယ်လာပေး‌တဲ့ ဆေးကို သောက်လိုက်ကာ အချိန်နီးနေပြီဖို့ ပြင်ဆင်ဖို့ ဘဲ လုပ်လိုက်တော့သည်။

ဒိုယွန်း စတိုင်လ်နဲ့ ကွဲပြားတဲ့ luxury ဆန်ဆန် ဆိုင်တစ်ဆိုင်အစား သာမန် ငြိမ်သက်သက် ဆိုင်တစ်ဆိုင်ကို ခေါ်သွားတော့ ဂျူဟျွန်းက အံ့အားသင့်ရသေးတယ်။ ဒါကြောင့် ဒီနေ့ ပေါ့ပေါ့ပါးပါး၀တ်လာလို့ ရပါတယ် ဆိုပြီး ကြိုပြောခဲ့တာ ဖြစ်မည်။

သူမထိုင်ဖို့ ထိုင်ခုံကို အသင့်ဆွဲယူပေးတော့ အချစ်ကလွဲ ဘာမှ မသိတဲ့ ကလေးမလေးတစ်ယောက်ကို သတိရမိသည်။

အတွင်းဘက်ကနေ ပင်လယ်ကို မြင်နေရတာ မို့ ဂျူဟျွန်း ထိုမြင်ကွင်းကိုသာ စိတ်၀င်တစား ခံစားမိသည်။

"ဆိုင်ကို သဘောကျရဲ့လားဗျ။ လုပ်ငန်းနဲ့ပတ်သက်ပြီး တွေ့ဖို့ အဆင်ပြေတဲ့ ဆိုင်တွေကိုဘဲ သိတာမို့ ညီမလေးကို အကူအညီတောင်းလိုက်တာ"

"ဟုတ်ကဲ့ သဘောကျပါတယ်။"

ဂျူဟျွန်း " ၀မ် " ဆိုပြီး ဆူးလ်ဂီ ခေါ်တတ်တဲ့ နာမည်ပိုင်ရှင်ကလေးမလေးကို မျက်လုံးထဲမြင်လာသည်။အကုန်လုံးကို သူသိပါတယ် ဆိုပြီး ထင်နေတဲ့ သူမကို မကြိုက်တဲ့ ကလေးမလေးလေ။ဂျူဟျွန်းလည်း သူ့ကို မကြိုက်ပါဘူး။ ဆူးလ်ဂီရော ဒိုယွန်းရောဟာ ထိုကလေးမလေးအကြောင်းပြောရင် မျက်လုံးတွေ ပိုအသက်၀င်သွားတတ်တာကို ဂျူဟျွန်း သတိထားမိသည်။အဲ့တာကြောင့် မကြိုက်တာ ဖြစ်လောက်မည်။ ဆူးလ်ဂီအတွက် အရေးပါတဲ့လူလိုမျိုး ခံစားမိတာမို့။

အစားအစာတွေ ရောက်လာတော့ ဒိုယွန်းက ပုံမှန်ထက်ပို အစားနည်းနေတာကို သတိထားမိသည်။အရင်ကဆို သူ့လုပ်ငန်းတွေ အကြောင်းပြောပြတတ်ပေမယ့် ဒီနေ့တော့ သူ့အ‌ကြောင်း ကို ပိုဖော်ပြနေသလိုခံစားရတယ်။

Missed CallWhere stories live. Discover now