9

601 85 13
                                    


"နောက်ဆို မမေ့နဲ့နော် ကောင်မလေး"

၀မ့်လက်ထဲ ပစ္စည်းတစ်ခုထည့်ပေးရင်း နဖူးကို လက်ညှိုးခပ်သာသာတွန်းသည်။
မနာပေမယ့် ၀မ့်မယ် နာချင်ယောင်ဆောင်ရင်း နဖူးကို ပွတ်ကာ ဇာတ်ကလေးပုပေးလိုက်ရသည်။
ကိုကို့မယ် အခုထိ ၀မ့်ကို ကလေးလိုဆက်ဆံသလို သူ့ရှေ့ရောက်ရင်လည်း ကလေးဆန်ပြရင် သိပ်သဘောကျတတ်တာ။

"ဒါနဲ့ ဒီနေ့ suit မ၀တ်ထားဘူးဘဲ အလုပ်မသွားဘူးလား"

ကိုကိုက သူ့၀တ်ဆင်ပုံကို တစ်ချက်ပြန်ငုံ့ကြည့်ရင်း

"ဘယ်လိုလဲ ကိုကိုအဆင်ပြေလား သူနဲ့ သွားတွေ့မလို့လေ"

"အော အဲ့တာကြောင့် ရှိုးထုတ်ထားတာပေါ့။ သွားမြန်မြန် နောက်ကျနေအုံးမယ်"

ကိုကို့ကိုနှုတ်ဆက်ရင်း ဆိုင်ဘက်ပြန်လှည့်တော့ မှန်ကာထားတဲ့ တစ်ဖက် စားပွဲဝိုင်းမှာ ဆူးလ်ဂီဟာ ကော်ဖီကိုသောက်နေရာမှ သူမကို မြင်တော့ လက်ပြလာသည်။

"အစ်ကိုလား"

မှန်ကတစ်ဆင့် ၀မ်နှင့် စကားပြောနေသည့် အုတ်ခဲရောင် ရှပ်နဲ့ အမျိုးသားကို ရည်ညွှန်းမေးလိုက်သည်

"ဟုတ်တယ် ဒါနဲ့စောင့်နေရတာ ကြာပြီလား"

ဆူးလ်ဂီခေါင်းခါပြတော့ သူက စိတ်သက်သာရာ ရပုံရသွားကာ သောက်စရာ သွားမှာလေရဲ့။

"ဒီဆိုင်က ကော်ဖီကောင်းတာကို"

အအေးတစ်ခွက်ကို ယူလာတဲ့သူ့ကို ကော်ဖီကောင်းကြောင်းညွှန်းတော့

"ငါကော်ဖီ အဲ့လောက် မကြိုက်ဘူး"

"ဟုတ်လား ငါရောဘဲ ငါတကယ် ကော်ဖီမကြိုက်ဘူး"

ဆူးလ်ဂီ ၀မ်းသာအားရ ထပြောပေမယ့် အခုသောက်နေတာ ကော်ဖီကြီးဖြစ်နေတယ်လေ။
ကော်ဖီခွက်ကိုတစ်လှည့် ဆူးလ်ဂီကိုတစ်လှည့် သူကြည့်လာတော့

"အာ အကျင့်ပါနေတာ အရင်က မကြိုက်တာ အရင်က အခုသောက် ဖြစ်နေပြီ အကျင့်ပါသွားလို့။ ဒါပေမယ့် ဘယ်သူမေးမေး ကော်ဖီမကြိုက်ဘူးချည်း ဖြေမိနေတာ"

ဆူးလ်ဂီ စကားကို သဘောကျသည်ထင် ၀မ်က ရယ်သည်။
ဆူးလ်ဂီလည်း လိုက်ရယ်ရင်း ၀င်လာတဲ့ msg ကို ဖတ်လိုက်တော့ ရယ်သံတွေ နည်းနည်းအားလျော့သွားသည်။

Missed CallTempat cerita menjadi hidup. Temukan sekarang