4

696 80 6
                                    


"တော်လိုက်တာ ဂန်ဆူးလ်ဂီ တော်လိုက်တာ"

မူးနောက်နေတဲ့ခေါင်းကို လက်ဝါးနဲ့ နှစ်ချက်လောက် ထုရိုက်ရင်း အသံထွက် ရေရွတ်မိတယ်။မိုးစင်စင်လင်းနေပြီ။
မနေ့က rene သူ့ကို ခေါ်သွားခဲ့မှန်း မှတ်မိတယ်။
ကိုယ့်ကိုကိုယ် နိုင်နေတာတောင် သူ့ဘက်ကို ယိုင်လဲ ပစ်ဖို့ ဖုံးကွယ်ထားတဲ့ သရုပ်ဆောင်စွမ်းရည်တွေ ထုတ်ခဲ့ရသေးတာ။

ဒီအချိန် rene အလုပ်မသွားလောက်သေးဘူး ထင်တာဘဲ။
လွတ်သွားရင်တော့ ဂန်ဆူးလ်ဂီ အတွက် ပြဿဒါးဘဲ။

အဲ့မိန်းမ က ဂန်ဆူးလ်ဂီကို ဒေါသထွက်နေတာလေ။သူ့ကိုလိမ်ခဲ့လို့ သူ့ကို ထားခဲ့လို့...
အဲ့တော့ သူစိတ်ပြေအောင် လုပ်ရမှာ ဆူးလ်ဂီ တာ၀န်လေ။
ဘယ်လိုနည်းနဲ့ဘဲ လုပ်လုပ် စိတ်ဆိုးပြေဖို့က အဓိကဘဲ။

အခန်းအပြင်ထွက်လာတော့ မရင်းနှီးတဲ့ အိမ်ဖွဲ့စည်းပုံကြောင့် တစ်အိမ်လုံးကို ရသလောက် ဝေ့ကြည့်ရင်းနဲ့အောက်ဆင်းလာလိုက်သည်။

အိမ်ထဲမှာ တိတ်ဆိတ်နေသည်။ဘာသံမှ မကြားရသည်ထိ...

ထမင်းစားခန်း ဖြစ်မယ် ထင်တဲ့ဆီလျှောက်လာတော့မှ အသံအချို့ စကြားရသည်။

"ရှင်း"

"ဟော ဆူးလ်ဂီ နိုးလာပြီလား။"

ဘုရားရေ ရှင်းကဟင်းချက်တတ်တယ်ပေါ့။
တကယ်ပါ မီးဖိုထဲမှာ apron ကြီး၀တ်ပြီး ပြင်ဆင်နေတာ။

"နင်ဟင်းချက်တတ်လို့လား ရှင်း"

အနားပြေးသွားရင်း တအံ့တဩဆိုတော့ သူက သူ့လက်ထဲက ဇွန် အရင်းနဲ့ခေါင်းကို ခေါက်လာသည်။

"မစားချင်မစားနဲ့ အမူးပြေအောင် ပဲပင်ပေါက် ဟင်းရည်ပါ ချက်ပေးထားတာကို"

"Rene က နင်ချက်တာ စားနိုင်တယ်ပေါ့ တကယ်ကြီးလေ မေးကြည့်တာပါ"

"နင်ကလေ တrene rene နဲ့ တီတီ့ကို သွားသွားစနေတာ။ဟိုကမှ စိတ်လက်တစ်ဆစ်ပါဆို"

ဘေးနားမှာ တီတီ မရှိသော်ငြား ရှင်း အသံ နှိမ့်ပြီးဆိုမိသည်။
ဂန်ဆူးလ်ဂီကတော့ ရှင်းခုနကမှ ဖျော်ထားသည့် ပျားရည်ခွက်ကို မော့သောက်ရင်း

Missed CallWhere stories live. Discover now