"ငါ့မှာ လက်ထပ်ရမယ့်သူရှိတယ်"ဆူးလ်ဂီ မျက်လုံးတွေ ပွင့်လာတယ်။
တကယ်က ပြန်အိပ်ဖို့လုပ်ထားပေမယ့် အခုတော့အိပ်ဖြစ်မယ်မထင်တော့။သူဟာ အ၀တ်အစားတွေကို ပြန်လဲပြီးပြီဘဲဖြစ်သည်။
"ဒီတစ်ခါတွေ့ဆုံမှုက နောက်ဆုံးဆိုရင် မင်းအတွက် ပိုကောင်းမယ်ထင်တယ်ဆူးလ်ဂီ"
ဆူးလ်ဂီ ထထိုင်လိုက်ကာ
"ဟျွန်း"
သူ့ခြေလှမ်းတွေရပ်သွားသည်။
"ကျွန်မသိတယ် ရှင့်မှာလက်ထပ်ရမယ့်လူရှိမှန်း"
ဒီစကားကို မထင်ထားခဲ့တဲ့သူဟာ အထိတ်တလန့်နဲ့ပြန်လှည့်ကြည့်ပေမယ့် တစ်ခဏချင်းမှာပင် တစ်ဖက်ကို အကြည့်ပြန်လွှမ်းသည်။
အ၀တ်မပါတဲ့ ဆူးလ်ဂီအပေါ်ပိုင်းကို မြင်သွားလို့ထင်ရဲ့။ခက်လိုက်တာ လွန်ခဲ့တဲ့မိနစ်ပိုင်းကတင် ဆူးလ်ဂီ ခန္ဓာကိုယ်ကို ပွတ်သပ်ခဲ့တာ သူမဟုတ်တဲ့ အတိုင်း။
နင်တီတီ့ကို ကြိုက်နေတာလားလို့ ရှင်းပထမဆုံး မေးခဲ့စဉ်က ပြောပြလာတဲ့ Irene Bae မှာ စေ့စပ်ထားတဲ့ အမျိုးသားရှိတယ် ဆိုတဲ့အကြောင်း။
ငယ်လေးအတွက် မုန့်သွား ၀ယ်တုန်းက ဆိုင်ထဲမှာ ရှိနေခဲ့တဲ့ ဟျွန်းရဲ့ မျက်နှာချင်းဆိုင်မှာထိုင်နေတဲ့ နောက်ကျောပြင်ကလွဲ မမြင်လိုက်ရတဲ့ အမျိူးသားအကြောင်း။ဆူးလ်ဂီဟာ ဟိုးအစကတည်းက သိနေခဲ့ပါတယ်။
ဒါပေမယ့် ရပ်နေဖို့စိတ်ကူးမရှိခဲ့ပါ။ဘယ်လိုဖြစ်ဖြစ် ဟျွန်းကို ဆူးလ်ဂီ အရင်သိခဲ့တာမလား။
ဒီတစ်ချက်နဲ့တင် နောက်ဆုတ်ဖို့စိတ်ကူး မရှိခဲ့ပါ။"ဘယ်လိုဖြစ်ဖြစ် ငါတို့က မဖြစ်သင့်ဘူး ဆူးလ်ဂီ။အခု ကိစ္စကလည်း မထင်မှတ်ဘဲ ငါတို့ စိတ်မထိန်းနိုင်ဘဲ--"
ကုတင်ပေါ်မှ ထကာ ထိုမိန်းမကို နံရံမှာဖိကပ်ရင်း သူ့နှုတ်ခမ်းတွေကို နမ်းပစ်သည်။
တွန်းထုတ်နေတဲ့ သူ့လက်တွေဟာ စက္ကန့်ပိုင်းအတွင်းမှာပင် အားအင်ကုန်ခမ်းသွားသယောင်။အသက်ရှူဖို့ အောက်စီဂျင် မဖြစ်မနေ လိုအပ်လာတဲ့ အချိန် နှုတ်ခမ်းတွေကို ခွာမိတော့ သူဟာ နံရံကို ကပ်မှီရင်း အသက်ကိုအငမ်းမရရှူတယ်။