16

534 70 8
                                    


အခန်းထဲမှာ သက်ပြင်းချသံကလွဲပြီး ဘာမှ မရှိ။
ကုတင်ပေါ် မလှုပ်မယှက် ထိုင်နေရာကနေ လက်ဖဝါးတွေထဲ မျက်နှာကို ထိုးအပ်လိုက်တော့ သက်ပြင်းတွေအစား မျက်ရည်တွေ ကျလာတယ်။

ဆူးလ်ဂီကလေ အမှတ်မရှိလိုက်တာ။
အမှတ်မရှိတဲ့အပြင် အခု လို ဖြစ်သွားတဲ့ အခြေအနေအပေါ် သာယာနေမိနေသေးတယ်။

"တို့ကို ပြန်လက်ခံပေးလို့ကျေးဇူးတင်ပါတယ်" ဆိုတဲ့ စကားနဲ့အတူနဖူးပေါ်ကို သူ့အနမ်းခြွေချရင်း ထိုအမျိုးသမီးဟာ ပြန်သွားခဲ့သည်။

ဆူးလ်ဂီ ကုတင်ပေါ်ပြန်လှဲချလိုက်သည်။
အဖျားဟာ အဓိက ခံစားနေရတဲ့ ဝေဒနာမဟုတ်တော့။
သာယာနေမိတဲ့ နာကျင်မှုတစ်ခုဟာ သွေးခုန်နှုန်းတွေလို အသိစိတ်တွေကို သတိပေးနေသလို။

-

ဟျွန်းဟာ သူမကို အရင်ကထက် ပိုဂရုစိုက်ပေးလာသည် ဆိုတာ ငြင်းမရ။
ပို၍လည်း အချိန်ပေးလာသလို ပိုပြီးလည်း သူမက အရေးပါတဲ့လူဖြစ်ကြောင်း သတိပေးနေသလို။

ထိုအမျိုးသားနဲ့ ထိပ်တိုက် မတွေ့မိရင် ဆူးလ်ဂီ သူ့အပြုအမူတွေအပေါ် ယုံစားမိတော့မှာ အကြွင်းမဲ့လေ။

ဆူးလ်ဂီကိုဘဲ အမြတ်တနိုးသူကြည့်နေရင်းနဲ့ သူ့မျက်၀န်းတွေထဲ ထိတ်လန့်မှုတွေ ကပ်ပါလာတော့ ဆူးလ်ဂီ ကျောတွေမလုံတော့တာဘဲ။

သူကြည့်ရာကို လှည့်မကြည့်ခင်မှာဘဲ သူမတို့ထိုင်နေရာ စားပွဲဝိုင်းကို ရောက်လာတဲ့ အမျိူသားတစ်ဦး။
ဂျယ်နဲ့သေချာ ပုံသွင်းထားတဲ့ အနက်ရောင် ခပ်တိုတို ဆံပင်တွေဟာ လုပ်ငန်းကြီးတစ်ခုကို ဦးဆောင်နေရသည်နှင့် လိုက်ဖက်ညီသော ရင့်ကျက်မှုကို ပြသသည်။
မျက်နှာပေါ်က အပြုံးဟာ ရှေ့က အမျိုးသမီးဆီကနေ သူမဆီရောက်လာတော့ ဆူးလ်ဂီ သိမ်ငယ်စိတ်နဲ့ ခေါင်းငုံ့ချလိုက်မိတာဘဲ။

"လုပ်ငန်းပါတနာတစ်ယောက်နဲ့ ညစာအတူလာစားတာ။ irene ကိုတွေ့လိုက်လို့လေ"

တစ်ဖက်လူက အပြစ်ကင်းလေလေ ဆူးလ်ဂီက အပြစ်စိတ်ပိုကြီးလေပါဘဲ။
ဟျွန်းနဲ့ မတန်တာမို့ ဟျွန်းအတွက် ငါကသာ အကောင်းဆုံးဘဲမို့ဆိုတဲ့ စကားတွေနဲ့ အပိုင်ရလိုရငြား အော်ဟစ်ပစ်လိုက်ချင်ပေမယ့် မြင်နေရတဲ့ အမျိူသားဟာ သိပ်ပြီး ဟျွန်းအတွက် သင့်တော်နေတယ်။

Missed CallWhere stories live. Discover now