ဝူယီကအထီးကျန်တဲ့ဟမ်းစတားလေးပါ

Começar do início
                                    

သူသည် သူ့လက်ထဲမှ အရာများကို ခေတ္တချ၍ ထိုင်ချလိုက်ပြီး ဟမ်းစတားလေး တက်လာနိုင်စေရန် လက်ဖဝါးကို ဖြန့်လိုက်သည်။  ပေါက်စလေးက တက်လာတာနဲ့ ပျော့ပျောင်းတဲ့ hamster pancake အဖြစ်ကို ချက်ချင်းပြောင်းလဲသွားသည်။

၎င်းသည် ၎င်း၏ တက်ကြွမှုကို ညှစ်ထုတ်ခြင်းခံလိုက်ရသဖြငိ့ ခိုင်မာစွာ မနေနိုင်ပုံရသည်။

"ဘာလို့ဒီလောက်တောင်ဝမ်းနည်းနေတာလဲ။  ဒီတစ်ခါ mission က ရိုးရှင်းပါတယ်။  Daddyက တစ်ပတ်အတွင်း ပြန်လာမယ်လို့ ကတိပေးတယ်။  တစ်ပတ်လောက်ပဲကြာမယ်၊ နည်းနည်းပိုအိပ်လိုက်၊ မင်းသတိမထားမိဘဲနဲ့ ကုန်သွားလိမ့်မယ်။”  နျွဲ့ရှောင်သည် မကူညီနိုင်ဘဲ ထိုကောင်လေး၏ ကျော့ရှင်းသော တင်ပါးလေးကို လက်ညိုးဖြင့် ထိုးလိုက်သည်။

“Chi woo~” ဒါက ကြာလွန်းတယ်။  QAQ

ထိုကောင်လေး မလှုပ်မယှက်ဖြစ်နေတာကိုတွေ့လိုက်ရတော့ Nie Xaio က သူ့လက်ဖဝါးအတွင်းမှာရှိတဲ့ ဟမ်းစတာလေးကို ဖုံးအုပ်ပြီး မူလပုံစံအတိုင်းပြန် ပုံသွင်းနိုင်မလားဆိုပြီး စမ်းကြည့်လိုက်ပေမယ့် မော့ကြည့်လိုက်တာနဲ့တင် WuYi က ပြားလာပြန်တယ်။

Nie Xiao: =.=

နောက်ဆုံးတွင် နျွဲ့ရှောင်သည် သူ၏နောက်ဆုံးကတ်ကိုသာ အသုံးချလိုက်တော့သည်။  သူသည် ကလေးလေး၏ အနှစ်သက်ဆုံးစတော်ဘယ်ရီခြောက်ကို သရေစာအိတ်အတွင်းမှ ထုတ်လိုက်သည်။

သူက ကောင်လေးရဲ့ နှာသီးဖျားရှေ့မှာ ထားလိုက်တဲ့အခါ သုံးစက္ကန့်လောက် အနံ့ခံပြီး ကောင်လေးက သစ်သီးခြောက်ကို မလွှတ်တော့ဘူး။

"Daddy ကို စိတ်ကောက်တာက စတော်ဘယ်ရီနည်းနည်းပဲ တန်တာပါပဲ-" နျွဲ့ရှောင် က သူ့အသံကို နည်းနည်းကြာအောင် တမင်တကာ ဆွဲတင်လိုက်ရာ ဟမ်စတာလေး၏ မျက်လုံးများသည် ရုတ်တရက် ရှက်ရွံ့စွာ တုန်လှုပ်သွားသည်။

"Chi!"  Daddyက အကောင်းဆုံးဖြစ်ပေမယ့် စတော်ဘယ်ရီကတော့ မရှုံးနိုင်ပါဘူး။

Nie Xiao သည် နောက်ဆုံးတွင် သူ့ကိုနောက်ပြောင်ခြင်းမှ ရပ်လိုက်ပြီး ဟမးစတားလေး၏ ခေါင်းကို ပွတ်သပ်ရင်း "နေကောင်းအောင်နေနော်၊ Daddyပြန်လာရင် Daddy မင်းကို စတော်ဘယ်ရီသီးလေး နှစ်လုံး ပေးမယ် အဆင်ပြေလား"

ကမ္ဘာပျက်ကပ်အတွင်းကျိကျိတက်ချမ်းသာသောဟမ်းစတားလေးOnde histórias criam vida. Descubra agora