ကျွန်းပေါ်တွင် ( JorDan Death )

Start from the beginning
                                    

ဒါ့အပြင် JorDanသည် ငယ်ငယ်ကသူ့လက်နှင့်လူတွေကိုကူညီကမ်းလှမ်းဖို့ပဲမျှော်လင့်ခဲ့သူ.. ဒါပေမဲ့ ကံကြမာကမျက်နှာသာမပေး၍ဒီလမ်းကိုမဖြစ်မနေလျှောက်ခဲ့ရသည် ။ သို့သော် တုန့်ဆိုင်းမှုမရှိ ။

ယခုအခါ သူ မတရားမုန်းတီးသောလူလဲ သူ့လက်နှင့်သေပြီ ။ ဒါကြောင့် ငါ့အတွက်ဒီအပြစ်ကိုသာစဥ်းစားလိုက်ပုံရသည် ။ ဒါပေမဲ့ ငါလုပ်ခဲ့တာတွေအများကြီး... ပုံကန်သူအား လူအား ငွေအား လက်နှက်အား လိုသမျှကူညီခဲ့သည် ။

အကြောင်းကား..တခြားတော့မဟုတ်...မိန်းမများနှင့်ပွေရှုပ် အကျင့်ပျက်နေသော JorDanထက် Aidenသာ Wilsomကိုဦးစီးခဲ့ပါလျှင်ဆိုသောစိတ်တစ်ခုထဲကြောင့်ပဲ ဒီပုန်ကန်မှုမှာဝင်ပါခဲ့သည် ။

ထင်တာနှင့် တက်တက်စင်အောင်လွဲခဲ့​​ခြင်း ။ JorDanကိုငယ်ငယ်လေးကထဲကအများကြီးမျှော်လင့်ခဲ့သော မိမိကိုယ်ပင်မေ့ကာ အထင်သေးခဲ့သည်ကိုအံ့သြ၍မဆုံး ။

Wilsomမျိုးရိုးရဲ့ခေါင်းဆောင်ဖြစ်ထိုက်ပါတယ် ။

နောက်ဆုံးမှာတော့ ဘဏာစိုးကြီးWeliသည် နုတ်ခမ်းထက်သဲ့သဲ့ပြုံးကာ ခါးကြားထဲကသေနပ်ကိုထုပ်ယူ၍ မိမိနားထင်ကိုထောက်လိုက်သည် ။

သူသိပါလိပ်မည် သို့သော် ဘာတုန့်ပြန်မှုမှမလာ ။ ဘေးကတပ်သား2ယောက်ကတော့ တားပဲတားရမလဲ ဘာလုပ်ရမှန်းမသိစွာအမိန့်ကိုစောင့်သော်လည်း အချည်းအနှီးပင် ။

ဘရာစိုးWeliရဲ့ တစ်ဘဝလုံး Hazelရောင်မျက်ဝန်းတွေထံ အမှုထမ်းလာခဲ့ရာ မောင်းတင်လိုက်ချိန်အထိ နောက်ဆုံးမြင်ကွင်းမှာတော့ ထိုမျက်ဝန်းများကမှိတ်ကာ ဘဏာစိုးကြီးကိုယ်တိုင် ရွေးချယ်တဲ့လမ်းကိုအသိမှတ်ပြုလိုက်သည် ။

ဒိုင်းး

သေနပ်သံအဆုံးမှာ မိမိအနားမှာနေခဲ့တဲ့လူတစ်ယောက်ထွက်သွားချေပြီ ။

" သစ္စာဖောက်Weliဆုံးသွားပါပြီ "

တပ်သားတစ်ယောက်၏စကားသံ ။

မျက်ဝန်းများကိုဖြည်းညှင်းစွာပြန်ဖွင့်လိုက်သည် ။ တဖက်သို့လှည့်မကြည့်ရင်ကို မျက်ဝန်းထောင့်ကမြင်တွေ့ရသည်က သွေးအိုင်ထဲလဲနေပြီဖြစ်သော ဘဏာစိုးကြီး ။

ကျွန်းပေါ်တွင် တပတ် [ ကျွန်းပေါ်တွင် တပတ် ] Where stories live. Discover now