ကျွန်းပေါ်တွင် ( JorDan Death )

1.9K 129 21
                                    

Weli - အဟင်း.. ကိုယ့်ရဲ့လက်ဦးဆရာကိုတောင် အလုပ်ထုပ်မယ်ပေါ့ ရက်စက်လှချီလား..

အောင့်သက်သက်ရယ်သံက Hazelတွေကိုပိုအရောင်လတ်စေတယ် ။

JorDan - ဒီဘဝတော့အလုပ်ထုပ်တာပဲ ကျန်တာနောင်ဘဝအထိအကြွေးယူသွား..

Weli - ဒါနဲ့ဘာလို့ပေါ်သွားလဲမေးလို့ရမလား

မျက်နှာချင်းဆိုင်အနေအထားဖြင့် မေးလိုက်သော် ထင်ထားသလိုသူ့ကိုကြည့်မနေ ။ တဖက်သို့မျက်နှာမူလျှက် ဒေါသထွက်ဟန်လဲမရှိသလို ဝမ်းနည်းပုံလဲမပေါ် ငါသစ္စာဖောက်ဆိုတာပေါ်တာကြာပြီကြောင့်လား ။

မဖြစ်နိုင်ပါ ။ အကူညီတွေနဲ့အတူလာတုန်းကတောင် သခင်လေးရဲ့မျက်နှာကဒီလိုမျိုးဟုတ်မနေ ။

ဒါဆိုရင် အခုမှပေါ်တယ်ဆိုပါက လူရင်းဖြစ်တဲ့သူမို့ အနဲဆုံးတော့ဒေါသထွက်ပုံပြသင့်တယ်မလား ။

ဘာလို့လဲ ဒီပုံစံက ။

Weli - ဘာလို့ပေါ်သွားလဲဆိုတဲ့မေးခွန်းကိုပြန်ယုတ်သိမ်းတယ်... ဘာလို့ဒေါသမထွက်တာလဲကိုဖြေပေး..

ဒီမေးခွန်းမှာ တဖက်ကရယ်သံထွက်လာသည် ။

JorDan - အဟင်း..လူရင်းထံကသစ္စာဖောက်ခံရတာ ဒါပထမဆုံးမှမဟုတ်ဘဲ.. ​ပြီးတော့ ကျမ်းကျိန်ခဲ့တာကိုမထောက် ယုတ်မာတဲ့လုပ်ရပ်မှာဝင်ပါခဲ့တဲ့သူတစ်ယောက်က ငါ့ဒေါသနဲ့တောင်မတန်လို့ပဲ..

ဒေါသနဲ့မတန်ဘူး.. ။ ဒီလောက်ငယ်ငယ်ထဲကအကုန်သင်ကြားပေးခဲ့တာတောင်လေ... ။

အစကတော့ ဒီလောက်နဲ့ထွက်သွားမို့ပေမဲ့ မတန်ဘူးဆိုတဲ့စကားက အရှင်လတ်လတ်မြေမြုပ်ခံရသလို ခံပြင်းသည် ။ ဒီစကားထပ်စာရင် နေရာမှာပစ်သတ်ခံရတာတောင် ဂုဏ်ရှိသေးတယ်ဆိုတဲ့အတွေးနဲ့ ။

Weli - Wilsomမျိုးရိုးဟူသည် အရင်ထဲက သစာဖောက်ဆိုအရှင်ထားရိုးထုံးစံမရှိဘူး.. ဘာလို့ကျွန်တော်မျိုးကိုမှလဲ..

တိတ်ဆိတ်လွန်းသည် ။ သတ်ဖို့ကိုမျှော်လင့်သော်ငြားလဲ အကြည့်တချက်တောင်မပေးသနားပါ ။

ထိုအချိန် ဖြတ်ဝင်လာသည့်အတွေးတစ်ခု..

ဟုတ်သားပဲ... Wilsomသခင်လေးကို သေဆုံးသွားသည်ထက် ရှင်သန်ခြင်းကငရဲကိုဆန်ကြောင်းသင်ပြပေးခဲ့တာ ကိုယ်တိုင်ပဲဖြစ်သည် ။

ကျွန်းပေါ်တွင် တပတ် [ ကျွန်းပေါ်တွင် တပတ် ] Where stories live. Discover now