ကျွန်းပေါ်တွင် ( Freedom )

1.9K 150 27
                                    

မင်းသစ်သတိမရတချက်ရတစ်ချက်...

သူ့ချွေးနံ့..သွေးနံ့...အသက်ရှုသံပြင်းပြင်းတွေ နားနှင့်နှာခေါင်းလာလာတိုးဝင်သည် ။

ခေါင်းတွေအရမ်းမူးနောက်နေသော်လည်း သူ့ခနွာကိုယ်အားဖက်တွယ်ထားသည့်လက်တွေသည် မလွှတ်စတမ်းပင် ။

"" ကျေးဇူးပြုပြီး ဒီလူ့ကိုကျွန်တော့အနားက ခေါ်မသွားပါနဲ့...""

သူမင်းသစ်ကိုချီပြီး လှေကားအချိုးအကွေ့တွေ ရာနဲ့ချီပြီးပြေးနေတာပင် ။ ဖြစ်နိုင်လျှင် ကိုယ့်ဘာသာလမ်းဆင်းလျှောက်ခြင်ပါသည်... မပူမပေးခြင်ပါ ။

သို့သော်... အတိုက်အခိုက်ဆိုလျှင်ဇာတ်ကားတောင် မကြည့်သူမို့ ဒီနေ့မြင်ကွင်းကသွေးလန့်စေသည် ။

ဘုန်းး

လှေကားကွေ့တစ်ခုမှာJorDanခြေယိုင်သွားတာကြောင့် ဟန်ချက်ပျက်သွားတော့ ချီထားသည့် ကောင်လေးအားမထိစေရန် မိမိပုခုံးနှင့်ပဲနံရံအားစောင့်မှီကာဟန်ချက်ထိန်းလိုက်သည် ။

ရင်ခွင်ထဲကကောင်လေးကတော့ ခေါင်းကိုမော့ကြည့်ကာ စိုးရိမ်စိတ်ကလေးတွေ မျက်အိမ်ထဲမြင်ရသော်လည်း JorDanခနွာကိုယ်အားအနားပေးဖို့ နံရံအားကျောမှီနေရင်းမှအောက်သို့လျှောလျှောချကာ ထိုင်ချလိုက်သည် ။

" အမှန်ကဒါမျိုးထိုင်နားနေလို့မဖြစ်ပါ... Sophie တယောက်ထဲသူမခနွာကိုယ်ကဒဏ်ရာနှင့် ရန်သူငါးယောက်ကိုယှဥ်နိုင်ဖို့မဖြစ်နိုင်တဲ့အနေအထား.. "

သို့သော် ခနွာကိုယ်ကမရတော့ချေ... ဖိအားပေးလေ ပိုသွေးယိုလေမို့ အခုနေရန်သူတစ်ယောက်လာလျှင်JorDanခုခံဖို့အားမနဲယူရမည် ။ ဘယ်လောက်သန်မာပါစေ ခနွာကိုယ်မှာကျည်ပေါက်ရာနှင့်ဓားရှရာ5ချက်ထက်မနဲရှိနေပြီမို့ သွေးထွက်မလွန်အောင်လဲ ထိန်းနေရသည် ။

မင်းသစ်အခုလိုသူ့ပေါင်ပေါ်မှာထိုင်လျှက်အနေအထားနဲ့နေလို့မဖြစ် ။ ချစ်ရသူမှာ နှာဖူးကဇောချွေးတွေ လည်ပင်းကညှပ်ရိုးတွေကြားထဲပင် တသွင်သွင်စီးကျလို့​နေပြီမို့ အမြန်ပဲထဖို့အလုပ် ပြန်ဆွဲဖက်သည့်လက်တစ်ဖက်ကြောင့် ရင်ခွင်ထဲပြန်လဲကျသွားသည် ။

ကျွန်းပေါ်တွင် တပတ် [ ကျွန်းပေါ်တွင် တပတ် ] Where stories live. Discover now