အပိုင်း(၂၈)

Start from the beginning
                                    

"အသက်ရှူမဝဘူးမလား
မောင့် ပေါင်ပေါ်လှဲအိပ်လိုက်ပါလား
ပိုပြီးသက်သာမယ်ထင်တယ်...."

မောင်သည် ရင်ဘက်ပေါ်ခေါင်းလေးမှီကာ
ပွေ့ချီထားရသောခန္ဓာကိုယ်လေးကိုချော့မော့ခွါ
ပြီး သူပိုနေသာအောင်ပြင်ဆင်ပေးဖို့စတင်လိုက်သည်။

အင်္ကျီစနှစ်ခုကိုဆွဲထားသောလက်ကလေးတွေ
အားချော့မော့ဆွဲဖြုတ်လိုက်ရုံရှိသေးသည်
ချက်ချင်းပိုတင်းကျပ်စွာဆုပ်ကိုင်လာကာ
ရင်ခွင်ထဲပိုတိုးဝင်လာသည်။

"ကလေး...ဒီလိုနေတာ မသက်သာဘူးလေ
မောင် ပိုအဆင်ပြေအောင် လုပ်ပေးမယ်..."

"ကြောက်....တယ်...မတွန်းထုတ်ပါနဲ့..."

လက်ချောင်းလေးတွေကိုထပ်ပြီးချော့မော့
ဖြုတ်နေတုန်းသေးငယ်သောအသံလေးတစ်ခုထွက်
လာကာင်္အကျီစကိုခပ်တင်းတင်းထပ်ဆုပ်ကိုင်လာသည်။
မောင့်ရဲ့လှုပ်ရှားမှုတွေအားလုံး
ရပ်တန့်သွားပြီးအသက်ရှူကျပ်သွားသည်။

နီမြန်းလာသောမျက်အိမ်တွေနဲ့မောင့်
ငိုကြွေးမှုဟာအသံမထွက်နိုင်တော့။

"မောင်ရှိနေပြီလေ....ဘာကိုမှကြောက်စရာ
မလိုတော့ဘူး...ဘာကိစ္စမှလည်းမဖြစ်ခဲ့
မရှိခဲ့ပါဘူး...မောင့်ကလေး အိမ်မက်ဆိုးတွေ
မက်ခဲ့တာ"

မောင်သည် ရင်ခွင်ထဲက တုန်ရီနေမှုလေး၏
မျက်နှာလေးအားဆွဲယူကာ အရည်လဲ့နေသော
မျက်လုံးတွေကိုနွေးနွေးထွေးထွေးစိုက်ကြည့်လာ
သည်။ပါးလေးတစ်ဖက်ကိုဖွဖွလေးထိလိုက်ပြီး

"အိမ်မက်ဆိုးတစ်ခုပါ....ကလေးနေမကောင်းလို့
မြင်မက်ခဲ့တာ မောင်ပြောတာကိုနားထောင်နော်
ဘာမှမရှိခဲ့ဘူး....မကြောက်ရဘူး...
လိမ္မာမယ်မလား...."

ဟုတ်လား...။အဲ့တာအိမ်မက်လား။
မောင်က အိမ်မက်ဆိုးတစ်ခုပါတဲ့။
တကယ်ကြီးသူအိမ်မက်ဆိုးတွေမက်ခဲ့တာလား။

ဘာကိုမှသိပ်မတွေးနိုင်တော့တဲ့စိတ်မူမမှန်မှုတွေ
အကြောက်လွန်မှုတွေကြား နှစ်ရှည်လများ
မွန်းကျပ်အနိုင်ကျင့်ခံရမှုတွေကြားစိစိညက်ညက်
ကျေနေပြီဖြစ်တဲ့စဉ်းစားတွေးခေါ်မှုတွေ ခံစားပေး
နိုင်မှုတွေဟာ ဝေတေဝါးတားတွေချည်းပဲ။
မောင်က အ်ိမ်မက်ပါလို့ သေချာစွာပြောနေတော့
နှလုံးသားထဲ အနည်းငယ်နေလို့ကောင်းလာသလို
မောင့်ကို တွေတွေလေးကြည့်လာသည်။

အက်ကြောင်းကဗျာ🍂Where stories live. Discover now