"ဟုတ်ကဲ့ အစ်ကို လာပြီဗျ"

ညနေပိုင်းတွင်တော့ ခန့်မင်းညိုတို့ခြံလေးမှာ လှုပ်လှုပ်ရှားရှားအသံများဖြင့် အသက်ဝင်လျက်ရှိသည်။

ဘုန်းမိုရ်၊ ဈာန်နှင့် မင်းသူရတို့ပါရောက်နေကြပြီး ခန့်မင်းညိုတို့ အိမ်ပြောင်းရွှေ့ရာတွင် လိုအပ်သည်များကို လာရောက်ကူညီကြခြင်းဖြစ်သည်။

ကိုဘုန်းမိုရ်၏ မိဘများနှင့် ဦးစည်တို့မိသားစုကတော့ မင်္ဂလာပွဲပြီးသိပ်မကြာခင်ပင်ပြန်သွားကြသည်။

ကိုဘုန်းမိုရ်က မနက်ဖြန် ပစ္စည်းများသယ်ရန် ကားကိုပါစီစဉ်ပေးထားသည်တဲ့။

ကျိကျိတက်ချမ်းသာပြီး သဘောကောင်းကာအလိုက်သိသည့် ယောက်ဖကိုရထားရတာလည်း ကံကောင်းခြင်းတစ်မျိုးပင်။

ထိုကြောင့် ထိုကဲ့သို့ကောင်းမွန်သည့် ယောက်ဖဖြစ်သူအား ဖူးဖူးထားသည့်အနေနှင့် ပင်ပန်းသည့်အလုပ်များကို ဘာမှမခိုင်းတော့။

မြတ်မင်းမောင်ကို ထိန်းပေးသည့်အလုပ်ကိုသာ အပ်ထားလိုက်သည်။

"ကိုကြီး ဘုရားစင်ပေါ်က ဆင်းတုတော်နဲ့ ဘုရားပန်းအိုးတွေ သေချာထုပ်ပိုးလိုက်ပြီ"

"အေး အေး ကိုဈာန် ... အဲ့တာပြီးသွားရင် မင်းတူကိုတစ်ချက်ကြည့်ပေးပါဦး"

ခန့်မင်းညို ပြောလို့မှစကားမဆုံးသေး ကိုဘုန်းမိုရ်ဆီမှ အသံထွက်လာသည်။

"ဈာန်ရေ ဈာန့်ပူကြူကြူး ဘာဖြစ်မှန်းမသိဘူး ငိုနေတယ် ချော့လို့လဲမရဘူး"

"လာပြီဦးရေ"

ဈာန့်မှာ ထုတ်ပိုးနေရာက ဦးဆီပြေးရပြန်သည်။

ဦးလက်ထဲမှ တူလေးအား ပွေ့ချီပြီး ချော့သော်လည်း အငိုမတိတ်။

ကလေးငိုသံကြားကတည်းက သူ့သားအကြောင်းသိသည့် မြတ်လေးက နို့ဘူးပြေးဖျော်လိုက်၏။

ထို့နောက် မြတ်လေးက ဈာန့်လက်ထဲမှ သားအား ပွေ့ကာ ဖျော်လာသည့် လက်ထဲမှနို့ဘူးအား တိုက်လိုက်သည်။

သားက ဗိုက်ဆာသဖြင့် ငိုခြင်းဖြစ်သည်။

ကိုယ်တော်လေးက ဒီအချိန်ပုံမှန် ပွဲတော်တည်နေကြ။

အသုံးမကျသောအိမ်ထောင်သည်ခင်ပွန်းတစ်ယောက်အဖြစ်သို့ ကူးပြောင်းခြင်း (Complete)Where stories live. Discover now