ထိုအမျိုးသမီး၏ စကားအဆုံး ရုံးခန်းထဲရှိ ထိုင်နေသော လူများမှာ အနည်းငယ်တော့ လန့်သွားကြပေမယ့် Apo ကတော့ အေးဆေးပင် ရင်တောင်မခုန်ပေ၊၊

*ဟွန့်! ဒီတိုင်းခြိမ်းခြောက်တိုင်း ကြောက်ရရိုးလား၊၊  ကျောင်းပိုင်ရှင်က သူ့ရဲ့ မွေးသဖခင်ဖြစ်ပြီး ဒုတိယရှယ်ယာအများဆုံး ပုဂ္ဂိုလ်ကလဲ သူ့လူပင် မဟုတ်ပါလား *

သို့သော် တစ်ချိန်လုံး သူ့ဘေးမှာ ခေါင်းကြီးငုံ့ကာ ထိုင်နေသည့် ကောင်လေးမှ သူ၏ ဘောင်းဘီအား အသာလေး လာထိသည့်အခါ Apo ထိုကောင်လေးအား လှည့်ကြည့်လိုက်လေသည်၊၊

*ငါ...ငါ့ကြောင့် ဖြစ်ရတာ ၊၊ ငါပဲ ...ဝန်ခံလိုက်ပါ့မယ် *

ထိုကောင်လေးဟာ ဒီစကားအား ပြောရန် လွန်စွာမှ အားယူထားပုံရလေသည်၊၊ သို့သော် ရုံးခန်းသို့ ခေါ်တွေ့ခံရစဥ်က သူ့ထံသို့ မျက်ရည်များနှင့် အကူအညီတောင်းခဲ့သည့် ထိုကောင်လေး၏ စကားများအား သူ မှတ်မိနေတာမို့ သူ ထိုကောင်လေး၏ အဆိုအား ငြင်းဆိုလိုက်လေသည်၊၊

*မင်းက ဘာမှားခဲ့လို့ မင်းက ဝန်ခံမှာလဲ !*

Apo ၏ အသံဟာ အနည်းငယ် ကျယ်သွားသည် ထင်ပါ၏၊၊ တစ်ဖက်က ထိုင်နေသည့် ဟိုသကောင့်သား၏ မိခင်က ကြားသွားပြန်လေသည်၊၊

*အာ ...ဟုတ်သားပဲ၊၊ မင်းလဲ အဲ့ရန်ဖြစ်တဲ့ နေရာမှာ ငါ့သားနဲ့ အတူရှိနေခဲ့တာ မဟုတ်လား၊၊ မြန်မြန် အဲ့ ကောင် ငါ့သားကို လုပ်ခဲ့တယ်ဆိုတာ ပြောလိုက်လေ !*

ထိုကောင်လေးမှာ တစ်ဖက်က အဒေါ်ကြီး၏ ဖိအားပေးသလို စကားများကြောင့် သူ၏ hoddie အောက်က လက်များအား အချင်းချင်း ပွတ်သပ်နေသည်ကို Apo တွေ့လိုက်ရလေသည်၊၊

*ဟဲ့ ပြောလိုက်လေ ! နင် ပါးစပ်မပါဘူးလား !*

ထိုအန်တီကြီးဟာ တစ်ဖက်က ကောင်လေး၏ အားနည်းနေသော ပုံစံအား မြင်သောအခါ ကြောက်ပြီး အမြန်ထုတ်ပြောလာအောင် ဆက်တိုက်ဖိအား ပေးလာနေတော့သည်၊၊ ထို့ကြောင့် Apo လဲ သူပဲ ဝင်ပါရန် ဆုံးဖြတ်ရတော့သည်၊၊ သို့သော် ...

*Apo က ကျွန်တော့်ကို ဝင်ကူညီပေးတာပါ !*

အခန်းတွင်း၌ ရုတ်တရက် ထွက်လာသည့် ထိုကောင်လေး၏ ခပ်ကျယ်ကျယ်စကားသံလေးဟာ ဤ စကားဝိုင်းအား ခေတ္တ ရပ်တန့်သွားစေပါသည်၊၊ Apo ကိုယ်တိုင်လဲ ထိုကောင်လေး၏ ပါးစပ်ကနေ ဤသို့ ထုတ်ပြောလာမည်မှန်း မထင်မှတ်ထားခဲ့ပေ၊၊

Don't be Stubborn ! Baby Where stories live. Discover now