"အဲ့တာဆို ဘာလို့မေးနေသေးတာလဲ.."
"မောင့်ဆုံးဖြတ်ချက်ကိုအလေးထားလို့လေ.."
"ခုဒါဆို အနီကို ကလေးက ပြန်ရွေးမှာလား.."
"မရွေးပါဘူး အဝါလေးပဲ ငါလှဖို့အရေးကြီးတယ်"
လုံးချေဖျစ်ညှစ်ပြီးဝါးစားလိုက်ချင်တယ်။
စားမရလို့ လက်သေးသေးလေးယူကိုက်တော့
အော်တာပေါ့။"မကိုက်နဲ့!!!"
"ကိုက်မယ်..."
အတင်းအကျပ်ဖက်ကာမောင့်ဘက်ကအသဲအူ
ယားနေပေမယ့်ကလေးကသူ့မာဖလာလေး
လေးခုကိုတသသ ။အိပ်ရာပေါ်ဖြန့်ခင်းကာ
သူ့ပြီးမြောက်လာသောအလုပ်လေးမို့ကြည့်မဝ
ဖြစ်နေသည်။"မောင့်ကို ပတ်ပေးကြည့်မယ်..ခဏလွှတ်ဦး.."
"အင်္ကျီမပါဘူး မာဖလာတစ်ခုထဲပတ်လို့
ငါအရူးနဲ့တူမှာပေါ့..""မောင်ကရူးနေတာပဲဟာ အဆင်ပြေပါတယ်.."
"မင်းကို...မချစ်လိုက်တာ..."
"ငါကတော့..ချစ်တယ်"
အဝါရောင်မာဖလာလေးကိုသူ့ကိုယ်သူ
အရင်လှလှလေးပတ်လိုက်ပြီး တကယ်လည်း
သူနဲ့သိပ်ချစ်ဖ်ို့ကောင်းခဲ့တယ်။Jeonဟာပြုံးပြုံး
လေးကြည့်နေခဲ့သည်။Jeonကိုပါသေသေချာချာ
လေးဆင်မြန်းပေးပြီးဒီဇိုင်နာဟန်လုပ်နေပုံက
တက်တက်ကြွကြွ။"အမယ်လေး ခန့်ညားလိုက်တာ
ယောကျ်ားချက်ချင်းတော်ချင်သွားပြီ
ငြိမ်ငြိမ်နေ TaeHyungကိုVideo Callခေါ်မယ်""ပေါတောတောတွေလုပ်ပြန်ပြီ..."
"ငြိမ် ...."
မောင်သည်အသက်ပင်မရှုတော့ကျောက်ရုပ်ကြီးလို
ချက်ချင်းဖြစ်သွားသည်။Video Callခေါ်လိုက်တော့အငိုမျက်လုံးဖြင့်
Screen ပေါ်ပေါ်လာသောTaeHyungသည်
ကွဲပြဲနေပြန်ပြီ။"ဘာလဲ ဘာလဲ...ငါအဆင်မပြေဘူး.."
"ထယ် ငါလေ မာဖလာလေးတွေထိုးလို့ပြီးပြီ
ဒီမှာ မောင်ဝတ်ထားတာကငါတို့ဆင်တူ
မင်းတို့အတွက်လည်းပြီးပြီ ဒီမှာနီနီလေးတွေ
မင်းတို့မင်္ဂလာဆောင်ကျရင် လက်ဖွဲ့မယ်နော်
ကြိုက်လား ကြိုက်လား..."
အပိုင်း(၁၉)
Start from the beginning