ကြိုက်တာနဲ့မွေ့လျော်တာကမတူပေ။

    ဗီလိန်တယောက်အနေနဲ့ လင်ရှီးက ကိုယ့်ကိုကိုယ်အရမ်းထိန်းချုပ်တဲ့သူတစ်ယောက်ပင်။

    ဒီကမ္ဘာကိုပြောင်းလာပီးရေသူဖြစ်လာတော့လင်ရှီးရဲ့ ဝါသနာတွေက သူ့အချက်အလက်အထောက်အထားများပြောင်းလဲမှုကြောင့်အနည်းငယ်ပြောင်းလဲကုန်သွား၏။

  ဥပမာအနေနဲ့ အရင်သူပင်လယ်စာသိပ်မကြိုက်ပေမဲ့ အခုတော့ တနေ့သုံးနပ်စားရတာတောင်ငြီး​ငွေ့တာကိုမခံစားရချေ။

  ဒီနေ့စားလိုက်တဲ့ကိတ်ကလည်းလူသားအနေနဲ့ဆို လင်ရှီးတစ်ပိုင်းတောင်စားမှာမဟုတ်ပေ။း

  အခုတော့လင်ရှီးတစ်ယောက် နှုတ်ခမ်းနဲ့သွားကြားကချိုမြိန်မှုလေးတွေအကြောင်း စားမြုံ့ပြန်နေကာသူ့နှလုံးသားထဲမှာ လောဘကြီးတဲ့ခူကောင်လေးလိုခံစားလိုက်ရပီး တံတွေးတွေးစိမ့်နေတာမရပ်တော့ချေ။

   ဝိုင်အတွက်ကတော့လင်ရှီးနှလုံးသားထဲကတောင်ကြိုက်ပါသည်။ လင်ရှီးအသဲတယားယားဖြစ်လာပီး ရုတ်တရက်ဒီကမ္ဘာကဝိုင်အရသာတွေကိုမြည်းစမ်းချင်လာသည်။

    ပိုင်ရှင်ရဲ့အိမ်မှာဝိုင်ရှိတာကိုသူမှတ်မိသွား၏။ ဒါပေမယ့် အဲ့တာကမဖောက်ရသေးဘူး။

     ဘာပဲဖြစ်ဖြစ်ချင်ရှောင်းက ပိုက်ဆံတော်တော်များများပါတဲ့ကတ်တစ်ခုကိုပေးထားတာကြောင့် သူအင်တာနက်ကနေ အချို့ကိုခိုးမှာပြီး ချင်ရှောင်းရက်နည်းနည်းလောက်အပြင်သွားတဲ့အခါ အိမ်မှာသူတိတ်တိတ်လေး‌ခိုးသောက်လို့ရသည်။

     သူ့စိတ်ထဲပေါ်လာတာနဲ့ အကောင်အထည်ဖော်ဖို့စောင့်နေလိုက်၏။ မကြာခင်သူအရသာရှိတဲ့ ဝိုင်ကိုသောက်ရတော့မယ်လို့ တွေးမိတာနဲ့တစ်ပြိုင်နက် ပြင်းပြတဲ့စိတ်ဆန္ဒနှင့် ကြိုတင်မျှော်လင့်စောင့်စားနေတဲ့အကြည့်တွေကို လင်ရှီးပြသမိသွားလေသည်။ သူ့ဘေးကလူက သတိပြုမိသွားဟန် လှည့်ကြည့်လာတော့မှ လင်ရှီးသူ့အမူအရာတွေကိုထိန်းချုပ်လိုက်ရ၏။

     ပြောရရင် ချင်ရှောင်းရဲ့အိမ်မှာနေပြီးနောက်ပိုင်း သူ့ပိုင်ရှင်ကလင်ရှီးကို ပြောဆိုဆက်ဆံမှုအနည်းငယ်သာရှိခဲ့ပေမယ့် ကြမ်းတမ်းစွာတော့မပြုမူခဲ့ပါချေ။ လင်ရှီးကအမှန်တကယ်တော့ နှလုံးသားကအရမ်းအေးစက်မာကြောတဲ့သူတစ်ယောက်မဟုတ်ပေ။ချင်ရှောင်းသူ့အတွက်လုပ်ပေးခဲ့တဲ့အရာအားလုံး သူမြင်သမျှအားလုံးကိုစိတ်နှလုံးသားထဲမှာမှတ်သားထားသည်။

The Villain Dressed As a Little MermaidWhere stories live. Discover now