Short story (1)

2.3K 138 3
                                    

အပြုံးတွေနဲ့ ထွက်သွားတဲ့ လူကလေ...ဘယ်တော့မှ ပြန်မလာတော့ဘူး။

ငါ ကိုယ်တိုင် ထွက်သွားစေခဲ့တာ!
ငါ ညီညီ့အပေါ် ထားခဲ့တဲ့ ချစ်ခြင်းကိုသာ ထုတ်ဖော် ပြနိုင်ခဲ့မယ် ဆိုရင်လေ...
ညီညီ ဟာ လေ အသက် တစ်ရက်ဖြစ်ဖြစ် ရှင်သန်နိုင့်ပါ့မလား။

မိဘ နဲ့ ချစ်ရသူ နှစ်ဦးကြား ရွေးရတဲ့ အခါ
အဖ မရှိဘဲ တစ်ယောက် တည်း ပြုစုပျိုးထောင်ခဲ့တဲ့ အမေ့ကို စိုင်း စွန့်လွှတ်နိုင်ခဲ့ပါ့မလား။

အမေကို ရွေးခဲ့မယ် ဆိုရင် စိုင်းဟာ
လူဆိုးတစ်ယောက် မဟုတ်ဘူး လူယုတ်မာ ပင် ဖြစ်လိမ့်မည်။
အကယ်၍ သာ ဈာန့်ကို ရွေးချယ် ခွင့်ရခဲ့ မည်ဆိုလျှင်...
အမေ့အတွက်တော့ ကျေးဇူးမသိတတ်တဲ့ သားဆိုး တစ်ယောက်ပင်။

ဘာကြောင့် ဒီလို အဖြစ်မျိုး ငါ့တစ်ယောက်မှ ပဲ ဖြစ်ရတာလဲ!။
ငါတို့ စော စော တွေ့ဆုံသင့်တယ် ညီညီ။
အနည်းဆုံးတော့ ဆိုးမိုက်ပေတေ နေခဲ့တဲ့
ညီညီ့ ကို ကိုကို ကယ်တင်နိုင်ခဲ့မယ်ထင်တယ်။

ပြန်လှည့်ခွင့်မရှိတော့တဲ့ နေရက်တွေ ၊အချိန်တွေ ဟာ ကိုကို့အတွက် သိပ်ကို အဖိုးတန်ခဲ့တယ် ဆိုတာ ကိုကို ပြောရင် ညီညီ ယုံ ပါ့မလား။
အပြုံးချို တဲ့ ညီညီ ကိုလေ သိပ်ချစ်မိမှာ ကြောက်ခဲ့တာ!။
ဒီလောက်ပါပဲ...ကအကယ်၍ကိုကို့မှာ ဘုရားသခင်ကအခွင့်အရေးတစ်ခု ပေးမည်ဆိုလျှင်

ထပ်ဆုံတွေ့နိုင်မလား?။

ကိုကို့စိတ်ဝိဉာဉ် တစ်ခုလုံးဟာ ညီညီ့ အပိုင် ဖြစ်ခဲ့ ပြီမို့ နောက်တစ်ကြိမ် ကိုကိုရဲ့ ဘဝ ထဲ ဝင်လာ ပေးနိုင်မလား?။
ဒါဆိုရင်...ကိုကိုဟာ အရာအားလုံးထက်
ညီညီ့မျက်နှာတစ်ခုကိုပဲကြည့်ရင်း ကျေကျေနပ်နပ်ကြီး ညီညီ့ကိုပဲ ရွေးချယ်လိမ့်မယ်။

...................................................................

အပြာနဲ့ အနီ ကိုယ်စားပြုတဲ့ ညီအစ်ကို နှစ်ယောက်ကလေ ကာရံ ဘဝကို ကျွမ်းထိုးမှောက်ခုံ ဖြစ်စေခဲ့တာ။

လူတစ်ယောက်က တစ်ယောက်တည်းကိုပဲ ချစ်ရမယ်တဲ့လား။

ဒါက ကာရံကို လှောင်ပြောင်နေသလိုပင်။
ပုံမှန်မဟုတ်တဲ့ ကာရံ၏ ချစ်ခြင်းသည် တစ်ပါးသူကို ရွံ့စရာ ကောင်းစေတယ်တဲ့လား?။

Your Father Become My Daddy(complete)Where stories live. Discover now