lw*22*

7.1K 421 7
                                    

"ဇိန်း.."

"ဗျာ..."

ကာရံက တွန့်ဆုတ်စွာ ဖြင့်

"ငါထင်တယ်...
ငါ မင်းကို ချစ်တယ်လို့..."

ဇိန်းက လိမ္မော်သီး အခွံခွာ ရင်း

"ထင်ယုံပဲလား?"

"အင်း...သေချာပေါက်ကို ထင်ယုံပဲ"

ဇိန်းက

"ကိုယ်လည်း ချစ်တယ်ဆိုတာ
မပြောလဲ ကာကာ သိမယ်လို့ထင်တယ်..."

"ငါ ...မင်းနဲ့ လက်ထပ်ချင်တယ်!"

ဇိန်းက မျက်ခုံးလေးပင့်ကာ

"ကလေး ကို ကိုယ်တာဝန်ယူနိုင်တယ်
ဒါပေမဲ့ကွာ ကိုယ့်ဆန္ဒ တစ်ခုတည်းအတွက်ကြောင့်နဲ့
ကလေး အပေါ်မတရားလုပ် လို့မရဘူး
နောက်ပြီး အဲ့လိုပြောရင် အကိုဝမ်းနည်းသွားလိမ့်မယ် ကာကာ.."

"ငါ ဘာမှ ဂရုမစိုက်ဘူး
ငါ့ဘဝ က သိပ်အထီးကျန်နေခဲ့တာ.."

ဇိန်းက ပြုံးလိုက်သည်။

"ဒီလောက်ဆို အကို့အနားမှာနေပြီး
အကို့ လူကို စောင့်ရှောက်ဖို့ ခွန်းအားရပြီလေ.."

ကာရံက ဇိန်း၏ မျက်ဝန်းအနက်ရှိုင်းဆုံးထဲ ဝင်ကြည့်ဖို့ကြိုးစားလိုက်သည်။

"ဇိန်း!"

"ဒီကိစ္စ က ထင်သလောက်မလွယ်ဘူးကာကာ
ဂိုဏ်းစည်းကမ်းက သိပ်တင်းကြပ်တာ
အသက်မသေချင်ရင် ... ကိုယ့်စကားနားထောင့်ပါ့လား"

"ဇိန်း!!
ငါ ဘယ်လောက်ထိ စောင့်ရမလဲ..."

"ကိုယ်တည်ဖို့ မသေချာတဲ့ ကတိတွေ မပေးချင်ဘူး ကာကာ..."

တီ...တီ

"ဖုန်းလာ လို့ ခနနော်..."

‌အခွံနွှာပြီးသား လိမ္မော်သီးလေးကို ကာရံ၏
ပါးစပ်ထဲ ထည့်ပေးကာ နဖူးလေးကို ခပ်ဖွဖွ နမ်းလိုက်သည်။

"ချစ်တယ် မောင့်ရဲ့ ကာကာ.."

ဇိန်းက

"ဟယ်လို အကို.."

"နွေဦးပျောက်နေတယ် ဇိန်း!"

"ဟင်...
ကျွန်တော် လိုက်ရှာ လိုက်ပါ့မယ် အကို"

"ကာ့အတွက် အန္တရာယ်ရှိနိုင်တယ်!"

"ကာ့ကို ကျွန်တော့ အသက်နဲ့ ထပ်တူ စောင့်ရှောက်မှာ မို့ စိတ်မပူပါနဲ့"

Your Father Become My Daddy(complete)Where stories live. Discover now