lw*3*

13.3K 777 27
                                    

Unicode

"စိုင်းပရာခွန်"

"ဗျာ မာမီ"

မာမီ၏မျက်နှာတွင် အေးချမ်းမှု့မရှိပါ။

"ကာရံနဲ့ဝေးဝေးနေစမ်း"

ဤစကားကြားရသည့်အခါ စိုင်းပရာခွန်စွံ့အသွား၏။

"ဘာလို့လဲ
ကာရံ က လူကောင်းတစ်ယောက်"

မာမီ၏ မျက်နှာသည် စတင်ခက်ထန်လာကာ
ဒေါသကြောင့်လည်ပင်းရိုးများပင် ထောင်လာ၏။

"ဘယ်နေရာ ကောင်းနေလို့လဲ!
နင်တို့ တစ်ပူးတစ်တွဲ ဖြစ်နေတာ ကို ငါ့အမျိုးတွေက အမြင်မကြည်ဖြစ်နေပြီ။
ငါ့ကွယ်ရာ မှာ ငါ့သားကို gay တဲ့"

"ကျွန်တော်မှgayမဟုတ်တာ မာမီရာ"

"နင်မဟုတ်ပေမဲ့ ပတ်ဝန်းကျင်က နင့်ကိုgayလို့ပြောနေပြီ
အမေ့ကို စိတ်ဆင်းမရဲ စေချင်ရင် ကာရံနဲ့ဝေးဝေးနေစမ်း"

"......"

"ပတ်ဝန်းကျင်ဆိုတာကလဲ စိတ်ပျက်စရာ
အကြောင်းစုံ မသိဘဲ သူတစ်ပါးကို ဝေဖန်လို့။
သူတို့ဝေဖန်လို့ ငါ့အချစ်ဆုံးသူငယ်ချင်းကာရံကို စွန့်လွှတ်ရမယ်တဲ့လား။
ဝေးသေး.... ကာရံဘယ်လို လူလဲ ဆိုတာ ငါအသိဆုံး။
သူသာ အဲ့နေ့က မကယ်ခဲ့လျှင်
စိုင်းပရာခွန်သည် ယနေ့ဒီနေရာတွင်မရှိနိုင်။"

စိုင်းပရာခွန်သည် ထိုင်း-ဗမာ ကပြားဖြစ်၏။
ရင့်ကျက်သည်။တည်ငြိမ်၍ ကာရံ့အတွက်ဆို အားကိုးရသည့် သူငယ်ချင်း-အကိုတစ်ယောက်။

"ကိုစိုင်း"

"ဟင်....ကာရံ"

"အိမ်သော့ လာပေးတာ
ကျွန်တော်သုံးလလောက် ပျောက်နေအုံးမယ်"

"ဘယ်ကို ပျောက်မလို့လဲ?"

"နွေဦးအဖေ့ ရဲ့အိမ်"

"ကာရံ!!!"

"မင်းရူးနေပြီလား"

"အင်း.....ငါ့barကိုဆုံးရှုံးရရင် ငါရူးမှာ"

မထိတထိ အပြုံးနှင့် ကာရံ့။

"ငါ မင်းကိုယုံတယ် ကာရံ့"

"ငါ ဘာမှ မဖြစ်ဘဲ ပြန်လာခဲ့မယ်အကိုစိုင်း"

"......"

Your Father Become My Daddy(complete)Where stories live. Discover now