lw*8*

10.3K 603 8
                                    

Unicode

'စိုင်းပရာခွန်' တဲ့ ကိုကိုနာမည်ကြီးက ကျွန်တော်လို စကားသိပ်မပီတဲ့ လူအတွက်တော့ လျှာလိပ်စေတယ်။

ကိုကိုမှ မသိတာ။
ကျွန်တော် က ကိုကို့ကို ကော်ဖီဆိုင်မှာစတွေ့ခဲ့တာလေ။
ကျွန်တော်သိတယ်..ကိုကို့ပုံကြည့်ရတာ
ကိုကိုက လူလိမ္မာလေး။

ကျွန်တော် ကိုကို့နားသွားပေမဲ့ ကိုကိုမရှိတော့ဘူး။
ပြန်တွေ့တော့ ဘုရားမှာတဲ့။
ထူးဆန်းတယ်နော်...ကျွန်တော်တို့က သတ်မှတ်ပြီးသား ဖူးစာတွေ ထင်တယ်။

ကျွန်တော်က ချစ်မိရင် အရူးလေးနဲ့တူတယ်။
တွဲခဲ့ ဖူးတဲ့ လူတွေကတော့ ကျွန်တော့်ကိုအေးစက်တယ်တဲ့။
အေးစက်မှာပေါ့ ကျွန်တော်မှ သူတို့ကိုမချစ်တာ။

...................#...................#.....................

"ဟင်..ကာ မအိပ်သေးဘူးလား"

"ဦး ပြန်လာတာကိုစောင့်နေတာ"

"နောက်ကျမယ်လို့ပြောထားတယ်လေ"

"နောက်ကျမှာ သိပေမဲ့ ဦးကိုစောင့်ချင်တုန်း"

"ကဲ...ခုသွားအိပ်တော့"

"အိပ်မပျော်ဘူး"

"ကိုင်း မနက်ကျ စောစောထရမှာလေ"

"ဦး မျက်နှာလေးကို ပဲကြည့်ချင်တာ"

ဦး၏ မျက်နှာသည်သိသိသာသာ ရဲလာ၏။

ထို့နောက်ဧည့်ခန်းတွင် ထိုင်ကာ laptop ဖွင့်အလုပ်လုပ်နေသောဦး။
ကာရံက မေးထောက်ရင်း ဦးကိုကြည့်လေသည်။

ဦးက ဂရုမစိုက်စွာဖြင့် အလုပ်ကိုသာ အာရုံစိုက်လေသည်။
ကာရံက မသိမသာဖြင့်တစ်ဖြည်းဖြည်း ဦးနားကပ်လာ၏။

အချိန်ကား မနက်တစ်နာရီပင်ရှိတော့မည်။
မသိမသာ ခန္ဓာကိုယ် က ယိုင်ကာ
ဦး၏ပေါင်ပေါ်သို့ အိပ်စက်ခြင်း။
အသားယူတယ်လို ဆိုမလား.....ရေခဲတုံးကြီး အရည်‌ေပျာ်ဖို့ မသိမသာ သွေးဆောင်ခြင်းသာ။

ဦးဘုန်းက သက်ပြင်းချကာ

"ဒီကလေးရယ်..
ဒီလူက ပုထုဇဉ်လူသား
ဖြူစင်တဲ့ ကလေးအပေါ် လိုအင်ဆန္ဒ တစ်ခုထဲကြောင့်နဲ့ မပြစ်မှားရက်ဘူး
နောက်ပြီး ဦးက gayမဟုတ်ပေမဲ့
ကလေးရဲ့ ခါး၊တင်နဲ့ မျက်ဝန်းဝိုင်းဝိုင်း
တွေကို ရယူချင်နေမိတယ်"

Your Father Become My Daddy(complete)Where stories live. Discover now