lw*10*

10.7K 616 20
                                    

Unicode

"ဈာန်..."

"ဗျာ"

"ဘာအလုပ် လုပ်လဲ"

ဈာန့်တွင် ဖြေစရာ စကားမရှိခဲ့။
ဈာန်က ထစ်အ စွာ

"ကျွန်တော်...မိဘ လုပ်စာထိုင်စားတယ်
ကိုကိုသိတယ်မလား ကျွန်တော်က ချမ်းသာတယ်လေ"

ကျွန်တော်သိတယ်
ကျွန်တော့်ရဲ့ အလုပ်အကိုင် ကို
ကိုကိုသိရင်...ကျွန်တော့်ကိုမုန်းသွားမှာ။

"အဲ့တာဆို ဘာလို့မိဘ နဲ့မနေလဲ"

ဈာန်၏ ခေါင်းသည် ငုံ၍သာ သွား၏။
ထို့နောက်ခေါင်းပြန်မော့ကာ သွားညီညီလေးတွေပေါ်အောင်ထိ ပြုံးလိုက်သည်။

"တိတ်တိတ်ပုန်းသား မို့
ကျွန်တော်က တော်ဝင်သွေးနီးစပ်တဲ့
မိသားစုရဲ့ တိတ်တိတ်ပုန်းသား"

စိုင်းသည် မျက်ခုံးတစ်ချက်ပင့်လိုက်သည်။
ပြုံးနေပေမဲ့ မျက်ရည် ခပ်ဝဲဝဲဖြစ်နေသော
ဈာန်ကြောင့် သူ ညာ၍ ပြောသလား အတည်ပြောသလား မသဲကွဲခဲ့။

သူမေ့ပျောက်ထားခဲ့သော မိသားစု။
ဈာန် အသက် (၄)နှစ်လောက်က ဖြစ်မည်ထင်သည်။
မေမေ က လက်ဆွဲပြီး အဖေ့အိမ်တွင်ထားခဲ့၏။
မေမေ က မယားငယ်။
မယားငယ်ကမွေးတဲ့သား ဖြစ်သော ကျွန်တော်သည်လည်း အနှိမ်ခံ။
သခင်မကြီးက သဘောသိပ်ကောင်းပါတယ်
ဈာန်က လွဲပြီး ကျန်တဲ့လူတွေအပေါ်မှာ။
ဖေဖေ၏ မျက်စိတွင် မိသားစု၏အမွေဆက်ဆံသူ ကိုကြီး ရှိသည်မို့
ကျွန်တော်ဟာ အနှောက်အယှက်သာသာ။
နေတိုင်း မထိတစ်ထိ နှိပ်ဆက်ဒဏ်ရာတွေက
ကျောအပြည့်။
ဘာတတ်နိုင်ခဲ့မှာလဲ...ပြုံးယုံသာတတ်နိုင်ခဲ့၏။
အနည်းဆုံးတော့..သူတို့ကိုယ့်အားနည်းချက်ကို မသိဘူးပေါ့။

အသက်(၉)တွင် အဖေဆုံးသည်။
သခင်မကြီးက မိသားစုကိုထိန်းချုပ်ကာ
ဈာန် က အဝေးကို ကန်ထုတ်ခံခဲ့ရ၏။

ဝင်သက်ထွက်သက်တောင် ခက်ခဲ့သည့်
ကျွန်တော့်ကို လက်ကမ်းခဲ့သူကဇိန်း။

ကျွန်တော်သူ့အတွက်ဆို အသက်တောင်ပေးဖို့ဝန်မလေး။
ဇိန်းက သိပ်ကြင်နာတတ်တယ်။
သူ့လက်အောက်တွင်ရှိပေမဲ့
ဘယ်တော့မှ လက်အောက်ငယ်သားလို မဆက်ဆံဖူးဘူး။

Your Father Become My Daddy(complete)Where stories live. Discover now