lw*21*

7.2K 407 14
                                    

"ကလေးက လမပြည့်ဘဲ မွေးတာကြောင့်
အရမ်းအားနည်းနေတယ်
အမွှာနှစ်ယောက်မှာ တစ်ယောက်ပဲ အသက်ရှင်တယ်"

ဦး၏ခန္ဓာကိုယ်သည် အနည်းငယ် ယိုင်သွားသည်။

"ကာရော?
အဆင်ပြေရဲ့လား?"

"ပြေပေမဲ့ အားနည်းနေတုန်း"

"ဦးဘုန်းက မျက်ခုံးပင့်ကာ
စစ်ခွင့်မပြုဘူးပေါ့"

"မပြုပါဘူးရှင်.."

"ကာကာ အမွှာမွေးတာကို ဘယ်သူမှ သိလို့မရဘူး
စောင့်ထိန်းစေချင်တယ်"

"..."

"ဒါဟာ တောင်းဆိုနေတာ မဟုတ်ဘူး
White foxခေါင်းဆောင်
ဦးဘုန်းခန့်နေသာရဲ့ အမိန့်!"

...#..............#................#.............#................

"Boss!
ကျွန်တော် DNAခိုးစစ်ခဲ့ပြီ!"

ဦးက စိတ်လှုပ်ရှားစွာ စာအိတ်ကို ဖွင့်ကြည့်လိုက်သည်။

"ဂုဏ်လင်းရှိန်
ငါမှာကြားတဲ့အတိုင်း ကြေညာ လိုက်တော့!"

"အမိန့်အတိုင်းပါ..."

................#.....................#.................#...........

"ဂုဏ် နွေဦး ကိုကယ်ပါ"

ကုတင်အောက်ခြေတွင် ရုပ်ပျက်ဆင်းပျက်ဖြစ်နေသော နွေ။

ဂုဏ်က သက်ပြင်းချရင်း

"နွေဦးဟန်သာ က ကြောက်တတ်သလား"

"သူတို့ နွေ့ကို သတ်ကြလိမ့်မယ်!
နွေဦး အသက်ရှင်ချင်တယ်!!"

ဂုဏ်က

"အသက်ရှင်တာလား?"

"နွေဦးကို အကိုကယ်လေ နော်..အကို..
ကာရံ့ရဲ့သားသာ မရှိရင် နွေဦးအသက်ရှင်ပြီလေ...နော်!
အဲ့ကလေးကို သတ်ပေး!"

ဂုဏ်က သက်ပြင်းချလိုက်သည်။

"အပြစ်မရှိတဲ့ ကလေးကို ထပ်ထိ မလို့လား?"

"နွေဦးသာ အသက်ရှင်မယ်ဆိုရင်
ဘယ်သူ့ကိုမဆို သတ်ရသတ်ရပဲ...အကို.."

"အကို့ ကိုရော သတ်ရရင်လား?"

နွေဦးက ပြန်မဖြေကြားခဲ့။

"အကိုက နွေဦးရဲ့ လူမလား?
အဲ့တော့ နွေဦးကိုအသက်ရှင်ရအောင် လုပ်ပေးပါ"

Your Father Become My Daddy(complete)Where stories live. Discover now