lw*25*

7K 368 2
                                    

"ကိုကို.."

ကာရံက မျက်ခုံးပင့်လိုက်သည်။

"ကျက်သိမ်းထလိုက်တာ!
နွေဦးဟန်သာ..."

နွေဦး၏ ခန့်မှန်းရ ခက်သည့် မျက်နှာ..

"မောင်လေး က ချစ်စရာလေးနော်..."

ကာရံ့လက်ထဲ မှ ကလေးငယ် အား မျက်လုံးစောင်းရင်း ကြည့်လိုက်သည်။
ထိုသည်ကို ကာရံ က မျက်မှောင်ကြုတ်လိုက်၏။

"ကိုကို..ကလေးအဖေ ကိုရွေးမှာလား..?"

ကာရံ ကပြုံးလိုက်သည်။

"ငါ က နင့်အဖေ ကိုရွေးပြီး
နင့်ရဲ့ ဖေဖေ လေး ဖြစ်လာမှာလေ..
ဘယ်လိုလဲ လောင်းကစားမှာ ငါနိုင်တယ်မလား"

နွေဦးက အံကိုကြိတ်ရင်းပြုံးပြလိုက်သည့်အခါ မျက်နှာက မချိုမချဉ် ရုပ်မျိုး။

ကာရံကတော့ အောင်နိုင်သူအပြုံဖြင့်သာ။

နွေဦး၏ မျက်လုံးထဲတွင် ဒေါသမီးတို့တောက်လောင်နေသည်။

သူမတွေးမိသည်။

"ဟုတ်သားပဲ!
ဒီကိစ္စသာ ပြီးရင် ပြသနာ အားလုံးပြေလည်ပြီပဲ!"

နွေဦး က ပြုံးလိုက်သည်။
သူမ၏ မျက်ဝန်းများသည်သိသိသာသာ အရောင်လက်နေ၏။

"ဖေဖေ..."

"ပြော နွေဦး
အဖေ အလုပ်ရှုပ်နေတယ်!"

နွေဦးက ပြုံးယောင်လေပြုံးလိုက်သည်။

"သမီး ကူညီ ရမလား ဟင်..."

"မလိုဘူး!
အဖေ ဒီည ပြန်မလာတော့ဘူး!"

ဦး၏ ပုံစံသည် နွေဦး အရင်ကတွေ့ဖူးသလို တည်ငြိမ်မနေခဲ့။
ပြာယာခက်နေသည်။
စာကြည့်မျက်မှန်ပင် မချွတ်နိုင်ဘဲ
လက်ထဲ မှ ဖိုင်တွေ ကို အိတ်ထဲ အမြန်ထည့်ကာ ကုတ်အကျီ ကိုအမြန်ဝတ်ရင်းထွက်သွားလိုက်သည်။

နွေဦး က ကျောခိုင်းသွားသည့်ကျောပြင်အားကြည့်ရင်း သူမအ‌တွေးနဲ့ သူမ ပျော်နေ၏။

"ကံတရားက ငါ့ဘက်ပါလား
နွေဦး ဟန်သာ ဆိုတာ ခပ်ညံ့ညံ့ မိန်းမ မဟုတ်ဘူး!!"

နို့နံ့သင်းနေသော ဒြပ်လေး။
အသားက ခပ်ညိုညိုလေးနှင့်ပင်။
သို့သော် ဝိုင်းစက်သော မျက်ဝန်းတွေ က ကာရံ့ဆီ က အမွေရထားသည်။
ဒြပ်ကတစ်ကယ့်ကို ဂျစ်တူးလေး။
‌ကလေး ငယ်အား ဖက်ရင်း
ကာရံ အိပ်ပျော်သွားသည်။
ဒီကလေးကို မွေးဖွားခဲ့ရခြင်းအတွက်
ကာရံ လုံးဝ နောင်တမရ။

Your Father Become My Daddy(complete)Where stories live. Discover now