lw*14*

8.3K 498 17
                                    

Unicode

ကိုယ်ဝန်ဆောင်ထား၍ မလား မသိ
တစ်ကိုယ်လုံး ကိုက်ခဲနေတတ်သည်။

"ကာ...ဆရာဝန်ခေါ်ရမလား"

ဘေးနားမှ ကာရံ့၏ ကျောကို ပုတ်ပေးနေသောဦး။

"မလိုဘူး!
အဆင်ပြေတယ်"

ဦးက မျက်ခုံးပင့်လိုက်သည်။

"ပိန်လာတယ်....
ကလေး အရင်က ထက်ပိန်သွားတယ်"

"ကလေး လို့မခေါ်နဲ့"

"Sorry ..ဦးမေ့သွားလို့"

"ဘယ်တုန်းက ရော ဂရုစိုက်ဖူးလို့လဲ"

"ဒီနေ့ အလုပ်မသွားတော့ဘူး
ဘာ စားချင်လဲ ချက်ကျွေးမယ်..."

ကာရံက မျက်ခုံးပင့်လိုက်သည်။

"ကြက်ခြေထောက်သုပ်"

"အင်း..ဇိန်းကို ကြက်သားဝယ်ခိုင်းလိုက်မယ်
ဒီနေ့တော့ဦး ထမင်းချက်ပါ့မယ်၊
ကာကာ ကတော့ အေးအေးဆေးဆေးနေပေါ့"

"......"

"ဦးကို မုန်းနေလားဟင်.."

တိုးညှင်းသော အသံ။

"မုန်းတယ်!"

"အင်းပါ
မုန်းလဲ $ဂရုမစိုက်ဘူး"

ကြောင်တောင်တောင် ဖြစ်၍ ကျန်ခဲ့သော ကာရံ။
ခုနက ဦး သူ့ကို ဆဲလိုက်တာလား။
အမြဲယဉ်ကျေးတတ်တဲ့ လူကလေ..။

ထိုင်ရခက် ထရ ခက်အနေအထားအဖြင့် ကာရံ။

"ဦး..ရေဆာတယ်"

"အင်း ဦးခပ်ပေးမယ်"

အိမ်သည် တိတ်ဆိတ်၍သာနေ၏။
ဦး၏ အနေအေးမှု့ကြောင့်လား (ဒါမှမဟုတ်)
ဇိန်းမရှိခြင်း‌ကြောင့်လား။

ကာရံ သက်ပြင်းချကာနေမိ၏။
ဒါကို ဦး က ရိပ်မိ၏။

အေပရွန်ဝတ်ထားသော ဦးသည် ကာရံ့အနား
ပြေးလာကာ

"ဘာဖြစ်လို့လဲ ဘယ်နေရာ နာလဲ
ဦး ကိုပြောပါအုံး"

စိုးရိမ်နေသောဦး၏ မျက်ဝန်းများ။
ဒါဟာ ကာရံ မတွေ့ဖူးသေးသည့် ဦး၏ပုံစံများလား။

ကာရံက
သူ့၏ လက်မောင်းအားညှစ်ထားသော လက်တို့ကို တွန်းဖယ်လိုက်၏။

Your Father Become My Daddy(complete)Where stories live. Discover now