နွေဦး၏ စိတ်အား မကောင်းဆိုးဝါးတစ်ကောင်က ထိန်းချုပ်ထားသလိုပင်။

အနည်းငယ် ဟနေသော တံခါးကို အသံမမြည်အောင်ဖွင့်ရင်း ကာရံ ဘေရှိ ကလေးငယ် အား မချီလေသည်။
မလှုပ်မရက် လေးပါလာသော ကလေးငယ် က နွေဦး လက်ထဲ တွင်အသားကျစွာ..။

"ဇိန်း ငါ့ညီ ...အဆင်ပြေရဲ့လား..."

သွေးများစိုရွှဲနေသော ဇိန်းသည်
အကို့ အားကြည့်ရင်းငေးမှိုင်နေ၏။

"အကို!"

"အင်းညီ!"

ဦးက ဒေါသထွက်စွာဂုဏ့်ကိုထိုးလေသည်။

"စောက်သုံး မကျတဲ့ ကောင်!
သတင်းကို အထက်မရောက်ပါစေနဲ့လို့ အမိန့်ပေးထားတာကို!"

ဂုဏ့် က

"တောင်းပန်ပါတယ် boss"

ဦး က

"ညီ ပျောက်ကွယ်ပေး
အကို အကုန်စီစဉ်ပေးမယ်!"

ဇိန်းက ခနဲ့သော အပြုံးဖြင့်ပြုံးလိုက်သည်။

"ဘာလဲ ကာရံနဲ့ လက်ထပ်ပြီး
ကျွန်တော့်သွေးသားကို အကို့သွေးသား
လုပ်ပြီး
သုံးယောက်သားပျော်ပျော်ရွှင်ရွှင်နေမယ်ပေါ့!"

ဦး၏ အခြေအနေသည် ခြေမကိုင်မိ လက်မကိုင်မိ အနေအထား၌။

"အကို့ လုပ်ရပ်တွေ က ပိရိလွန်းလို့ ကျွန်တော်ချီးကျူးပါရစေ...
ဒါပေမဲ့ သွေးဆိုတာ ရေထက်ပျစ်တယ်အကိုရဲ့
ကိုယ်သွေးသား ကိုမခံစားမိရလောက်အောင်
ကျွန်တော်က အရူးမှ မဟုတ်ဘဲ အကိုရာ!"

တီတီ....

"ဟယ်လို ကာကာ"

"ကလေး...သား ဒြပ် ပျောက်နေပြီ
‌နွေဦး မ ပြန်ပေးဆွဲတာ...ထင်တယ်!!!"

ဦး က ထိတ်လန့်ကာ

"ဇိန်း!
နွေဦးဟန်သာ ကလေး ကိုခေါ်သွားပြီ!!"

ကိုယ့်ခန္ဓာကိုယ်ပင် မနိုင်အောင် ယိုင်တိယိုင်တိုင် ဖြစ်နေသော ဇိန်းက ဦး၏ ကော်လံ စကို ဆွဲလိုက်သည်။

"ဘာစိတ်ကူးပေါက်နေလို့ သူတို့ကို အိမ်မှာထာခဲ့တာလဲ!"

"ငါ အာရုံများသွားတယ်!!"

"ဈာန် ငါနဲ့ လိုက်ခဲ့!
နွေဦးမ ကိုရှာမယ်
တွေ့လို့ကတော့!!!
ငါ့သား သာ တစ်ခုခု ဖြစ်ရင်
အကုန်မြေလှန်ပစ်မယ်!!"

Your Father Become My Daddy(complete)Where stories live. Discover now