Chapter 25 - U/Z

134 7 0
                                    

"အဆင်ပြေရင်စီစဉ်ပေးပါအုန်း..."

ကုမန်ကပြောပီးတာာနဲ့အေးဆေးစွာပဲဝက်ချိုချဉ်တစ်တုံးကိုယူစားလိုက်သည်။ လုရှန်ကျင်းကအနည်းငယ်တုံ့ဆိုင်း နေပြီးတော့မှ.."ကျောင်းသွားတာကိစ္စမရှိဘူး..ဒါပေမယ့် စည်းမျဉ်းအချို့ရှိတယ်"

ကုမန်ရဲ့အေးစက်တဲ့အကြည့်ကသူ့ဆီကိုရောက်လာကာ သူမရဲ့နက်မှောင်အေးစက်တဲ့မျက်ဝန်းများကရေခဲချွန်လို ထက်ရှနေသည်။

လုရှန်ကျင်းကအနည်းငယ်ကျောတောင့်သွားပေမယ့်သူ ပြောချင်တာကိုဆက်ပြောလိုက်သည်။

"ပြသနာအများကြီးမရှာဖို့ပါ.."

စည်းမျဉ်းစည်းကမ်းတွေက တိုတိုတုတ်တုတ်ပါပဲ။

ကုမန်ကဧကရီတစ်ပါးလိုဝံ့ကြွားစွာပြုံးရင်းအေးဆေးစွာပဲ ပြန်ပြောလိုက်သည်။

"ကျွန်မကကျောင်းသူကောင်းဖြစ်လာမှာပါ"

လုရှန်ကျင်းကစိတ်ထဲကမျက်စောင်းထိုးလိုက်ပြီးနောက်..

"ဒါဆိုမင်မြို့ကအမှတ်(၁)ကျောင်းမှာပဲတက်ဖို့စီစဉ်လိုက် ပါ့မယ်..လုရီနဲ့လုရန်လဲအဲဒိ့မှာဆိုတော့..သွားရေးလာရေး ပါစီစဉ်ပြီးသားဖြစ်သွားတာပေါ့.."

"မလိုဘူး"

ကုမန်ကဆက်ပြောလိုက်သည်.."ကျင်းရန်နဲ့ကျွန်မက.. ကျောင်းကအဆောင်မှာနေမယ်"

အဆောင်မှာ?

ဒါကောင်းတယ်..အနည်းဆုံးကုမန်နဲ့မန်ကျင်းရန်ကလူအ များနဲ့လဲထိတွေ့ဆက်ဆံခွင့်လဲရမယ်။နောက်ပီးကုမန်က မန်ကျင်းရန်စကားကိုနားထောင်ပုံပဲ..မန်ကျင်းရန်က ဆရာ့ ညွှန်ကြားချက်ကိုနာခံတဲ့ကျောင်းသူကောင်းတစ်ယောက် ဖြစ်နိုင်တယ်။ဒါဆိုမန်ကျင်းရန်စကားကိုလက်ခံတဲ့ကုမန်လဲ အလိုလိုဆရာစကားနားထောင်ပြီးသားဖြစ်သွားမှာမဟုတ် လား။

လုရှန်ကျင်းက.."ဘာတွေထပ်ပြီးပြင်ဆင်ပေးဖို့လိုအုန်း မလဲ?"

ကုမန်လက်ကစားပွဲပေါ်အနည်းငယ်ထောက်နေရင်းက

"ချန်နင်ကမော်တော်ဆိုင်ကယ်ကိုဒီကိုယူပေးပါ"

"အိုကေ..နေ့လည်ကျရင်တစ်ယောက်ယောက်ကိုယူခိုင်း လိုက်မယ်.."

...

You've reached the end of published parts.

⏰ Last updated: Apr 18 ⏰

Add this story to your Library to get notified about new parts!

My Wife Slaps People in the Face Online DailyWhere stories live. Discover now