Chapter 21 - U/Z

132 17 2
                                    

မြို့တော်၏မြောက်ဘက်ဆင်ခြေဖုံးတွင်အမည်မသိပြုစု စောင့်ရှောက်ရေး ဂေဟာတစ်ခု ရှိသည်။

ထိုအဆောက်အအုံကိုကမ္ဘာ့အကောင်းဆုံး စက်ပစ္စည်း ကိရိယာများဖြင့် ပြုစုစောင့်ရှောက်ရေး ဂေဟာအဖြစ် လွန်ခဲ့သောတစ်နှစ်ခွဲခန့်က World Medical Association မှ အဆင့်သတ်မှတ်ခဲ့သည်။ထိုနေရာမှာတစ်လစာကုသမှု က 10 သိန်းအထိ ရှိလာပြီးအလွန်မြင့်မားသောစောင့် ရှောက်မှုအခကြေးငွေ ဖြစ်ခဲ့သည်။

အဝင်ဝမှာ ပန်းဆိုင်တစ်ခုရှိပြီး ရှားစောင်းပန်းအိုးသေး တစ်လုံးက ၁၈၀၀၀ ရှိသည်။ ကုမန်ကလက်တစ်ဝါးစာအ ရွယ်ပန်းအိုးကိုယူကြည့်လိုက်သည်။ဒီသေးသေးလေးက တကယ့်ကိုဈေးကြီးတယ်လို့သူမထင်မိတယ်။

ဒါပေမယ့်သူမကဝယ်ပြီးနောက်ဘောင်းဘီအိတ်ထဲလက်ထည့်ကာဆေးရုံထဲကိုဝင်သွားလိုက်သည်။

စောင့်ရှောက်ရေးဂေဟာအတွင်းပိုင်း ဒီဇိုင်းကကျေးလက် အသွင်ဆောင်ပြီးအဲဒိ့မှာနေထိုင်သူတိုင်းက လုံးချင်းဝါး

အိမ်တွင် နေထိုင်ကြသည်။

ခမ်းနားထည်ဝါတဲ့ကျေးလက်လို့ပြောလို့ရတယ်..သူတို့ အိမ်တွေကြားမှာ ပန်းဥယျာဉ်တစ်ခု၊ ဟင်းသီးဟင်းရွက် ဥယျာဉ်တစ်ခု၊ ဂျပန်နှင်းဆီပန်းများဖြင့် ကာထားသော သစ်သားခြံစည်းရိုးများနှင့် အပိုင်းတစ်ခုစီကြားရှိ ကျောက် စရစ်ခဲလမ်းများပါရှိသည်။

အထဲမှာ သာယာအေးမြသောပတ်ဝန်းကျင်တစ်ခုဖြစ်ပြီး ခေတ်မီသိပ္ပံနှင့်နည်းပညာများမှ စိတ်ကူးစိတ်သန်းများကို ပေါင်းစည်းကာသဘာဝပတ်ဝန်းကျင်သဖွယ်လေထုနှင့် လိုက်လျောညီထွေဖြစ်အောင်လုပ်ထားတာဖြစ်သည်။

"မိန်းကလေးကု..ကျင်းရန်ဆီကိုလာလည်တာလား?"

သူနာပြုအကူတစ်ယောက်ကသူမကိုမေးလိုက်တော့သူမ ကခေါင်းညိတ်ရင်းအင်းလို့သာခပ်တိုးတိုးပြန်ဖြေလိုက်၏

မနက်ခင်းနေရောင်အောက်မှာသူမအသားအရည်က ကြွေ လို ဖြူဖွေးနေကာဘေးကလူတွေကသူမကိုနှစ်ခါထက်မ နည်းပြန်လှည့်ကြည့်မိစေတယ်..သူနာပြုအကူလဲသူမကို နှစ်သက်စွာကြည့်နေတုန်းကုမန်အသံကိုထပ်ကြားလိုက်

My Wife Slaps People in the Face Online DailyWhere stories live. Discover now