Chapter 8 -U/Z

113 11 0
                                    

ဘာတွေဖြစ်နေမှန်းအားလုံးကနားမလည်မိသေးခင်မှာပဲ ထိုလူကကိုင်ပေါက်ခံရပြီး မြေပြင်ပေါ် အပြင်းအထန် ရိုက်နှက်သလိုကျဆင်းသွားသည်။

အခြားသောသူများ၏ မျက်နှာအမူအရာများ ပြောင်းလဲ သွားသည်။

၎င်းတို့သည် ၎င်းတို့၏ မာနကြီးပြီး ယုတ်မာသော နည်း လမ်းများဖြင့် ကျင့်သုံးခဲ့ကြပြီး မည်သည့်အခါမျှ အရှုံးမ ပေးခဲ့ကြပေ။

သူတို့ရဲ့ အပေါင်းအသင်းကို တိုက်ခိုက်ခဲ့တဲ့ အမျိုးသမီးကို စိုက်ကြည့်ရင်း လက်ဆစ်တွေ ကျယ်လောင်စွာ ချိုးလိုက် ကြတယ်။

"သူမကိုဖမ်း!ငါတို့ ဒီညသူမကိုသင်ခန်းစာကောင်းကောင်း သင်ပေးမယ်!"

အဖွဲ့ခေါင်းဆောင်က အံကြိတ်ကာပြောလိုက်သည်။

ကုမန်ကသူမဆီခုန်ဝင်လာတဲ့လူသုံးယောက်ကိုကြည့်ပီးမဲ့ ပြုံးပြုံးလိုက်သည်။သူမအမူအယာကအေးဆေးပေါ့ပါးနေ ပြီး လှပတဲ့မျက်ဝန်းများကဂရုမစိုက်စွာမှေးကျဉ်းထား သည်။ အဲဒိ့ကောင်တွေကသေချင်နေပြီ။

သူမခြေထောက်ကိုမြှောက်ကာရှေ့ဆုံးလူကိုကန်လိုက်ပြီး ထိုလူနောက်ကိုပြုတ်ကျသွားအရှိန်ကြောင့်နောက်လူရဲ့ ဗိုက်ပေါ်ကို ပြုတ်ကျသွားကာနောက်လူပါပြင်းထန်စွာမြေ ကြီးပေါ်ကျသွားသည်။

ထို့နောက်သူမဆီသို့ ပျံသန်းလာသော လက်သီးကို ဖမ်း လိုက်ပြီးထိုလူရဲ့လက်ကောက်ဝတ်ကို ပြင်းပြင်းထန်ထန် နောက်လှန်ချိုးလိုက်ရာကျယ်လောင်သောအော်ညည်းသံ တစ်ခုထွက်ပေါ်လာသည်။

နောက်ဆုံးရပ်နေသောလူက မြေပြင်ပေါ်မှာမှောက်နေတဲ့ လူသုံးယောက်ကို စိုက်ကြည့်နေသည်။

သူ့တစ်ကိုယ်လုံးကသွေးတွေအေးခဲသွားသလို ခံစား လိုက်ရတယ်။

သူ့မသိစိတ်ကသူ့ရှေ့ကအမျိုးသမီးကအန္တရာယ်လို့သတိ ပေးနေတာမို့သူကနောက်ခြေလှမ်းဆုတ်ကာထွက်ပြေးဖို့ ပြင်လိုက်သည်။

ရုတ်တရက် သူ့မျက်လုံးရှေ့တွင် တစ်စုံတစ်ခု ပေါ်လာ သည်။ ကုမန်ကသူ့ရှေ့တွင်ပေါ်လာပြီး ထိုလူကိုလည်ပင်း အား တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ကာ ကားဘောနပ်ဖုံး ပေါ်သို့ ပစ်ချလိုက်သည်။

My Wife Slaps People in the Face Online DailyWhere stories live. Discover now