Chapter 4-U/Z

186 18 0
                                    

unicode

ကုမန်ကကွန်ပြူတာဖြင့်ဂိမ်းတစ်ခုသို့ ဝင်ရောက်ခဲ့သည်။

လုရှန်ကျင်းကအေးစက်စက်ပြုမူနေတဲ့ကုမန်ကိုကြည့်ကာ သက်ပြင်းချလိုက်သည်။သူတကယ်မတက်နိုင်ဘူး။

"ကောင်းပြီ..ဒါဆိုဒီနှစ်ရက်မှာစိတ်ကြိုက်အဆင်ပြေသလို နေလို့ရတယ်..ကားလိုသေးလား?ဦးလေးကားတစ်စီးပေး ထားမယ်..."

လှပသွယ်လျသောလက်ချောင်းများကမောက်စ်နဲ့ကီး ဘုတ်ပေါ်ကအံ့သြဖွယ်ကောင်းလောက်အောင်မြန်ဆန် သောအရှိန်ဟုန်နဲ့ပြေးလွှားနေသည်။

သူမကသူ့ကိုတော့လျစ်လျူရှုခဲ့သည်။

လုရှန်ကျင်းအလွန်စိတ်မသက်မသာဖြစ်မိသည်။

ခေါက်ဖုန်းများစွာထဲမှ တစ်လုံးကိုယူလိုက်ရင်းကုစီကသူ့ ကိုမော့ကြည့်လိုက်ကာ..

"ကားမလိုဘူး..ဂွတ်နိုက်ထ်..ဦးလေးလု" လို့ပြောလိုက် သည်။

လုရှန်ကျင်းဆွံ့သွားသည်။ဒီမောင်နှမတွေကတကယ်ကို ပေါင်းရခက်လွန်းတယ်။သူ့အသိုင်းဝိုင်းကလူတွေထက် တောင်ပေါ့။ လုရွိန်ကျင်းက တံခါးကိုပိတ်ရင်း သူ့ဘဝကို မေးခွန်းထုတ် မိသွားတယ်။

သူကမင်မြို့မှာနာမည်ထင်ရှားတဲ့ထဲပါပေမယ့်..သူတို့ဆီ မှာလျစ်လျူရှုခံရဆဲဖြစ်သည်။

ဒီလိုမျိုး ကြုံလာရလိမ့်မယ်လို့ သူဘယ်တုန်းကမှ မတွေးခဲ့ မိဘူး။

...

ကုမန်က ရေချိုးခန်းထဲကထွက်လာပြီး ဆံပင်တွေကို သုတ်ရင်း ခေါင်းကိုငဲ့စောင်းကြည့်လိုက်သည်။

ကုစီကတစ်စုံတစ်ယောက်နဲ့စကားပြောနေတာမို့သူရဲ့ အေးစက်တဲ့မျက်ဝန်းတွေကသူ့ဆီကိုရောက်သွားသည်။

ကုစီကကွန်ပျူတာရှေ့မှာထိုင်နေတယ်..ဒီကောင်စုတ် လေးကသူမပတ်စ်ဝေါ့ကိုဘယ်လိုဟက်ခ်လိုက်လဲဆိုတာ တွေးမိတော့သူမရှော့ခ်ရချင်သွားသည်။ သူကအခုအရမ်း ကိုတိုးတက်လာတာပဲ။

ဖန်သားပြင်ပေါ်တွင်အလွန်လှပပြီးဖြားယောင်းနိုင်စွမ်းရှိတဲ့ နူးညံ့သိမ်မွေ့သောမိတ်ကပ်၊အလွန်ရှည်လျားသောမျက် တောင်..ပြာလဲ့သောမျက်ဝန်းများနဲ့လူသားတို့ကိုစိတ်ငြိမ်း ချမ်းမှုကင်းအောင်လုပ်နိုင်သောနတ်ဘုရားမကဲ့သို့သော မိန်းကလေးကအပြုံးတစ်ခုနဲ့သူတို့ကိုကြည့်နေသည်။

My Wife Slaps People in the Face Online DailyWhere stories live. Discover now