Chapter 11-U/Z

133 13 0
                                    

unicode

ကုစီက မျက်မှောင်ကြုတ်ကာ စားပွဲရှိလူများကို စိုက်ကြည့် ရင်းအေးစက်စွာပြောလိုက်သည်။

"သူမကမသိဘူးလို့ပြောပြီပြီမဟုတ်လား..ကျွန်တော်တို့ ကိုဆက်မနှောက်ယှက်ပါနဲ့!"

ဘယ်လောက်စိတ်အနှောက်ယှက်ဖြစ်ဖို့ကောင်းလဲ!

သူ့အစ်မရဲ့အလှအပကြောင့်ဒီလူတွေလာကပ်နေတာပဲ ဖြစ်ရမယ်!

ဘယ်လိုညံ့ဖျင်းတဲ့ချဉ်းကပ်မှုမျိုးကြီးလဲ!

ကုမန်ကသူမပုံစံကိုပြောင်းရင်းခုံနောက်ကိုမှီလိုက်ကာဓါး ကိုင်ထားတဲ့လက်ကိုခုံပေါ်တင်လိုက်သည်။

ဓားထိပ်ဖျားကအေးမြတောက်ပသောရောင်ပြန်ဟပ်မှုကို ပေးစွမ်းသည်။သူမအမူအရာကသည်းခံနိုင်စွမ်းကုန်နေပုံလို့ထင်ရသည်။

ကုစီကဓားပျံလာမည်ကိုစိုးရိမ်စွာသူ့အစ်မလက်ကောက် ဝတ်ကိုဖွဖွကိုင်ထားသည်။ဒီနှစ်ပိုင်းတွေမှာသူ့အစ်မကစိတ် အတော်ထိန်းထားနိုင်ခဲ့ပီဖြစ်သည်။

ဖုံးကွယ်၍မရသောလိုက်လျောညီထွေမရှိသောလေထုကို မြင်လိုက်ရသဖြင့်သူ့မျက်လုံးများမှေးကျဉ်းလိုက်သည်။

သူမကတန်ကျူဘားကိုသွားပြီး World Restaurant မှာ စားနိုင်တယ်။ ဒါတောင်သူမကလျှော့ဈေးဆိုင်ကအဝတ် တွေဝယ်ဝတ်တယ်။

သူကပြုံးလိုက်ပြီးမျက်ဝန်းထဲမှာအဓိပ္ပါယ်များစွာနဲ့သူမကို ကြည့်ကာ..သာယာပြီးသံလိုက်ဓါတ်ပါတဲ့အသံနဲ့ပြော လိုက်သည်။

"ဒီနှစ်ယောက်ကဖွံ့ဖြိုးဖို့ကောင်းကောင်းစားဖို့လိုနေတုန်း ပဲ..ဒ့ါကြောင့်ငါတို့ သူတို့ကို မနှောင့်ယှက်တာအကောင်း ဆုံးပဲ..လာ..ငါတို့အခန်းဆီသွားရအောင်"

"..."

ကုစီကသူ့အစ်မကိုတိတ်တခိုးပြန်ကြည့်လိုက်တော့သည်းခံကာတစ်ဝက်ပြုံးထားတဲ့အပြုံးအောက်မှာ ကျိန်ဆဲနေတာ ကို သတိပြုမိသည်။

ချင်ဖန်းကစလို့မဝသေးဘူး..ဒါပေမယ့်လုချန်ကျိုးကဒီလို ပြောမှတော့..သူကအင်တင်တင်ဖြင့်ရပ်လိုက်ပြီး..

"အင်း.."

ဟဲယွီကထိုအရူးကိုမျက်စောင်းထိုးလိုက်သည်။

My Wife Slaps People in the Face Online DailyWhere stories live. Discover now