Chapter 22 - U/Z

104 9 0
                                    

သူမစကားကိုကြားတော့မန်ကျင်းရန်ကချက်ချင်းမျက် မှောင်ကြုတ်ကာ စိုးရိမ်တကြီးမေးလိုက်သည်။

"နင်ငွေရဖို့ကြေးစားလုပ်နေတာလား?နင်ဒဏ်ရာတွေဘာ တွေရခဲ့သေးလား? လာ..နင့်အဝတ်တွေချွတ်ငါစစ်ကြည့် မယ်.."

သူမကပြောရင်ကုမန်အဝတ်တွေကိုတကယ်ချွတ်တော့မလိုအနားကိုကပ်လာသည်။ကုမန်ကပြုံးကာချက်ခြင်းလက် ကာပြလိုက်သည်..သူမမျက်ဝန်းများကအနည်းငယ်ဆိုး သွမ်းစွာတောက်ပနေတယ်။

သူမကအသံတိုးတိုးဖြင့်.."ငါကွန်ပျူတာနဲ့ပတ်သတ်ပြီးနဲနဲ လေ့လာထားတယ်..ပြီးတော့တချို့လုပ်ငန်းတွေအတွက် ဆော့ဖ်ဝဲလ်တွေရေးပေးပြီးငွေရှာနေတာ..."

မန်ကျင်းရန်သူမလိမ်နေတာလားဆိုတဲ့သံသယနဲ့သူမကို ကြည်လင်တောက်ပသော မျက်လုံးများကို စိုက်ကြည့်နေ ပြီးတော့မှသက်ပြင်းချလိုက်ကာ.."ငါလန့်သွားတာပဲ"

ကုမန်ကခင်မင်ရင်းနှီးစွာမန်ကျင်းရန်နားလျှောက်သွားကာ သူမပခုံးကိုဖက်လိုက်ပီး.."စိတ်အေးအေးထားပါ..ငါဘယ် တော့မှကြေးစာမလုပ်ဘူး..ငါစိတ်တိုင်းမကျတဲ့လူတွေကို ရိုက်တာသီးသန့်ပဲ"

မန်ကျင်းရန်ဆွံ့အသွားသည်..ကုမန်အသက်ငါးနှစ်တုန်းကတောင်ဘယ်လောက်ရက်စက်ပြီးလက်သံပြောင်လဲဆို တာကိုသူမတွေ့ဘူးပြီးသားဖြစ်သည်။သူမကထိုလူကိုပြုံး ပြနေရင်းကနောက်စက္ကန့်အနည်းငယ်မှာအုတ်ခဲနဲ့ထုဖို့ ဝန်မလေးသူဖြစ်သည်။

ဘယ်သူမှသူမကိုထိခိုက်အောင်လုပ်နိုင်မှာမဟုတ်ဘူး။ ကု မန်ကပြသနာမရှာတက်ဘူး..တခြားလူကရန်လာမစသေး သမျှပေ့ါ..အဲဒါကိုမှရန်စလာရင်သူတို့ကံပဲ။

မန်ကျင်းရန်ကစိတ်ငြိမ်သွားအောင်စတော်ဘယ်ရီသီးအနဲ ငယ်ကိုစားလိုက်ပီးနောက်သူမပြောချင်တာမပြီးသေးတာကိုသတိရလိုက် ကာ.."ကုမန်..ငါတကယ့်ကိုနေကောင်း သွားပြီ..ငါဒီမှာနေဖို့မလိုတော့ဘူး.."

ကုမန်က ပြုစုစောင့်ရှောက်ရေးဂေဟာရှိ ခေတ်မီသော ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်ရင်း

"ဒီမှာအရမ်းကောင်းတာကိုဘာလို့မနေချင်တာလဲ?ဈေးလဲသိပ်မကြီးပါဘူး"

My Wife Slaps People in the Face Online DailyWhere stories live. Discover now