Chapter 3-U/Z

230 24 0
                                    

unicode

မင်မြို့..

လုရှန်ကျင်း..ကုမန်နဲ့ကုစီကိုလာကြိုတော့ညပိုင်းရောက် နေပြီ။

"ကုမန်..ကုစီ..ရောက်လာပြီလား..!"

လုရွကျင်းသည် အလွန်စိတ်လှုပ်ရှားသွားပြီး လက်များ တုန်ခါနေကာ.. 'boss'ကို လက်ဆွဲနှုတ်ဆက်လုုနီးပါး ဖြစ်သွားသည်။ (ဒီနေရာမှာ 'boss' ဆိုတာကကုမန်ကို တင်စားခေါ်ဝေါ်တာပါ)

ကုမန်က လက်နှစ်ဖက်ကို သူမ၏ အနက်ရောင် အကျႌ အိတ်ကပ်ထဲ ထည့်ကာ ပေါ့ပါးစွာပြောလိုက်သည်။

"ဦးလေးလုကယဉ်ကျေးနေပြန်ပြီ"

"No, no, no...အဆင်ပြေတယ်....ကုမိန်းကလေးက င့ါပြသနာအချို့ကိုဖြေရှင်းပေးဖို့ပဲအပ်နှံပါတယ်"

လုရှန်ကျင်းကကုမန်အတွက် ကားတံခါးကို ကိုယ်တိုင် ကိုယ်ကျ ဖွင့်ပေးခဲ့သည်။သူ့လက်အောက်ငယ်သားက သူ့ကိုကြည့်နေရင်း အံသြသွားသည်။

အရာရှိလင်းထံမှ ဤကဲ့သို့ ရိုသေလေးစားမှုကို ခံရသော ဤအမျိုးသမီးကား မည်သူနည်း။

သူ့မျက်လုံးထဲမှာတော့ကလေးတွေနဲ့ပဲတူတယ်။ အရာရှိ လင်းတောင်မှ ကိုင်တွယ်ရ ခက်တဲ့ ပြဿနာကို သူမကိုင် တွယ်ခဲ့တာလား?

ကုမန်ကလုရှန်ကျင်းကိုခေါင်းညိတ်ပြရင်း..

"စိတ်အေးအေးထားလို့ရပါတယ်.."

သူမကဘေးကိုလှည့်ကာကုစီဆွဲပီးကားထဲဝင်လိုက်သည်။

...

လုရှန်ကျန်းက မြို့လယ်ရှိခေါင်ကဗီလာတစ်ခုမှာ နေထိုင် သည်။ မြင့်မားပြီး လေးလံသော သတ္တုတံခါးသည် ခံ့ညား ထည်ဝါသည်။

ခြံစောင့်ကခြံဝန်းတံခါးဖွင့်ပေးလိုက်သည်။

"ငါတို့ရောက်ပီ..."

လုရှန်ကျင်း ကားတံခါးကို ကိုယ်တိုင်ပြန်ဖွင့်ပြီး သူတို့ကို ဦးဆောင်ခေါ်သွားသည်။

ကုစီကသူ့အတွက် နည်းနည်းကြီးလွန်းတဲ့ အိတ်အနက်ကို သယ်ရင်း ကုမန်နောက်ကို လိုက်သွားတယ်။ သူနဲ့အိတ် ကသတ္တဝါနဲ့လက်နဲ့မမျှသလိုဖြစ်နေကာနှိပ်စက်ခံနေရသလို သနားစရာ ကောင်းလှသည်။ ကုမန်က သူ့ကိုစိတ်ထဲ မထားဘဲဖုန်းထဲမှာ ဂိမ်းဆော့ရင်း တလှုပ်လှုပ်နဲ့လျှောက် လိုက်သွားသည်။

My Wife Slaps People in the Face Online DailyWhere stories live. Discover now