အပိုင်း(၁၇)

Start from the beginning
                                    

JeonJungkook နဲ့လည်းတစ်လောကလုံးက
ပြတ်တယ်ပြောတိုင်းမပြတ်ဘူးနော်Rioမှားလိမ့်
မယ်ဟုအထပ်ထပ်သတိပေးခဲ့တယ်။

သူ့ကိုမနာလိုနေလို့လေ။Jimin ကပြတ်တယ်
ပြောခဲ့တာပဲ။ပြတ်တယ်လေ။လူဆိုရင်တောင်
Rioလိုချင်ရင်တန်းရနေလို့မနာလိုနေကြတာမျိူး။
Jiminကပြတ်တယ်ဆိုရင်ပြတ်တာပဲပေါ့။

မှားယွင်းလေသောစွဲလန်းမှုနဲ့အရွယ်၏စိတ်အား
ထက်သန်ခြင်းတွေ ....Jiminရဲ့ ဝင်ပြီးရင်ပြန်ထွက်
လို့မရတော့သောပြန်လမ်းမဲ့အလှတွေကြား
သူငယ်ချင်းတွေကြား မာန်မာနထောင်လွှား
ခဲ့မှုတွေ။ ၇နှစ်တည်ဆောက်ပြီးဖြစ်တဲ့ဆက်ဆံတစ်ခု
ထဲအတင်းဝင်လုခဲ့တာကိုရှက်စရာကိစ္စဟုမမြင်ဘဲ
တွေ့လား ငါဆိုတာ အဲ့လိုRelationship မျိူးကို
တောင်လှုပ်ခတ်နိုင်တယ်ဆိုတဲ့သောက်တလွဲအတွေးတွေ။

အဲ့လိုလူမျိုးတွေကသေသာသွားလိမ့်မယ်။
သူတို့အမှားကိုသူတို့ဘယ်တော့မှမမြင်နိုင်တဲ့
လူတန်းစားတစ်ရပ်။Jiminကိုအလွန်အမင်း
သဘောကျခဲ့တာတော့မှန်ခဲ့ပေမယ့်Rioမှာ
တခြားEffects တွေလည်းအများကြီးပဲ။

"သိပ်သဘောကျတယ် ဒီညအိမ်ကိုမရရအောင်
ခေါ်လာခဲ့ပါ့မယ်...ဘွား.."

"စောင့်နေမယ်.....မြေးပျော်နေတာတွေ့ရတာ
စိတ်ချမ်းသာတာအရမ်းပဲ....."

"ချစ်တယ် ..."

အဖွားနဲ့အမေဖြစ်သူ၏ပါးနှစ်ဖက်အား
နမ်းပြီးတဲ့နောက်တက်ကြွသောခြေလှမ်း
များဖြင့် အိမ်အပြင်ထွက်သွားခဲ့သည်။
အသစ်လဲထားခဲ့သောModelမြင့်ကားပေါ်
စမတ်တကျတက်သွားသည်။

Rioကအဲ့ဒီနေ့ကအဖြူရောင်ရှပ်င်္အကျီကို
ခပ်သွယ်သွယ်ခန္ဓာကိုယ်နဲ့ Fitဖြစ်အောင်
ဝတ်ဆင်ထားကာသပ်ရပ်နေသောဆံပင်တွေဟာ
မွှေးကြိုင်နေသည်။

February 14လိုနေ့မျိုးမှာ
ငြင်းမရနိုင်တဲ့တန်ဖိုးအကြီးဆုံးလက်ဆောင်တွေနဲ့
သူတို့မိတ်ဆွေမကချစ်သူမကျနေ
သောခပ်အီအီအခြေအနေကိုပညာသားပါပါလေး
တရားချစ်သူရည်းစားအဖြစ်တွဲနိုင်ဖို့စကားလုံးတွေ
စဉ်းစားထားတာတွေကခေါင်းတစ်ခုလုံးအပြည့်။

အက်ကြောင်းကဗျာ🍂Where stories live. Discover now