"အကို့ဇနီးလောင်းအတွက်အလှဆုံး
ထုတ်ပိုးပေးပါ၊ဒီနယ်မှာနာမည်ကြီးတယ်
ကြားထားတာ ပန်းတွေမြင်ကတည်းက
ယုံကြည်သွားတာပဲ တော်တော်လှတယ်"ကြည့်ကောင်းတာထက်လွန်တဲ့
လက်ချောင်းရှည်သွယ်သွယ်တို့က
မကြာသေးမီကမှ တစ်ယောက်သောသူ
ခူးထားလေသည့်ပန်းတို့ကို ထိတို့လိုက်ပြီး
မူပိုင်အပြုံးတွေဆင်မြန်းရင်း တောင်းဆို
နေလေသည်။~ခွမ်း~
ပစ္စည်းတစ်ခုလွှတ်ကျသံကြောင့်
ဘာရယ်မဟုတ်လှည့်ကြည့်မိတော့
ဟိုးအရင်တုန်းကရင်းနှီးခဲ့ဖူးသည့်
မျက်ဝန်းတစ်စုံက ဟန်ဆောင်မှုကင်းစွာ
တည်ရှိနေပြန်သည်။ထူးခြားနေခြင်းတစ်ခုက
ဝမ်းနည်းနေလို့လား၊ရှောင်ပြေးဖို့နှုတ်မဆက်ပဲထားခဲ့သူကိုတွေ့ရလို့ထိတ်လန့်သွားတာလား၊
မသေချာသောအကြောင်းတစ်ခုခုကြောင့်
မျက်ဝန်းများမှာမှာ လှုပ်လီလှုပ်လဲ့နှင့်တည်ရှိ
နေခြင်းပင်။"Haung Renjun"
"Jaemin"
"အကိုရွမ် ဒီကအကို့ကိုသိလို့လား"
"မသိပါဘူး လုပ်စရာရှိတာလုပ်ပေးလိုက်ပါ
နာဂျွန်လေးရော ဘယ်ထွက်သွားတာလဲ""အကိုရွမ် နွားနို့ယူတာကြာလို့တဲ့
ဂျီကစ်ပြီး ပန်းခင်းထဲသွားပြီ""ဒါဆိုဧည့်သည်ကိုစိတ်တိုင်းကျ
လုပ်ပေးလိုက်နော် အကို သမီးလေးကို
အဘွားတို့ဆီသွားတဲ့လမ်းမှာပဲမုန့်ဝယ်
ကျွေးတော့မယ်"အလျင်အမြန်ပင် ဆိုင်ရဲ့ပြင်ပကိုထွက်လာခဲ့
ပေမယ့်နောက်ပါးဆီကကပ်ပါလာသူရဲ့အသံကြောင့် Renjunသမီးဆီအထိသွားရန်မဖြစ်နိုင်တော့ချေ။"ငါ့ကိုတောင်နှုတ်မဆက်ပဲထားခဲ့ပြီး
အဆင်ပြေပြေလေး တည်ရှိနေခဲ့တာပဲနော်
Jun""အဲ့ဒီဘက်ကဘာတွေပြောနေတာလဲ
ကျွန်တော်နားမလည်ပါဘူး သွားခွင့်ပြုပါ""Renjun"
"ဘာလုပ်တာလဲ လက်ကိုလွှတ်
မင်းမရိုင်းနဲ့""နှစ်တွေအကြာကြီးထားသွားတဲ့
ကိုယ့်ချစ်သူလက်ကိုကိုင်တာရိုင်းတာလား"