<Part 11> confession!

138 7 2
                                    

Aiki: အိမ်ရောက်တဲ့အထိ မစောင့်နိုင်တော့ဘူး

Noze: ဟင်? အဲ့ဒါဘာကို....အာ့!

ရုတ်တရက်ကြီး လည်ပင်းကိုရန်ရှာလာတဲ့သူ့ကြောင့် nozeသူ့ရင်ဘတ်ကိုတွန်းလိုက်ပေမယ့် aikiလောက်အားမသန်တာကြောင့် ဘာမှမထူးချေ။

Noze: အာ့ aiki မကိုက်နဲ့လေ အရာတွေထင်ကုန်လိမ့်မယ် ငါshootingရှိသေးတယ်နော်

သတိပေးသလိုမျိုးလေသံနဲ့ပြောလိုက်ပေမယ့် သူကနည်းနည်းလေးမှ ဂရုမစိုက်တဲ့အပြင် နှုတ်ခမ်းတွေကိုအနမ်းတို့ပေးနေပြန်သည်။

Noze: အွန်း~ မဖြစ်ဘူး နှုတ်ခမ်းနီတွေ..ပျက်ကုန်ရင်...သူတို့ရိပ်မိသွားလိမ့်မယ်

အနမ်းတွေကြားထဲမှရအောင်တွန်းဖယ်ရင်းပြောတော့ သူကစိတ်မရှည်တဲ့‌အကြည့်တွေနဲ့ကြည့်လာသည်။

Aiki: အဲ့ဒါဆိုလည်း ဘယ်သူမှမရိပ်မိနိုင်တဲ့နေရာဆိုရင်ကော?

ပြောလည်းပြောရင်း လက်ကnozeရဲ့အကျီအောက်ထဲ၀င်လာတာကြောင့် ခြေဖျားလက်ဖျားတွေအေးစက်သွားရသည်။

Noze: ဟင့်အင်း!!

မျက်စိကြီးမှိတ်ပြီး ခေါင်းကိုခါယမ်းကာ သူ့ကိုတွန်းဖယ်ရင်း အ၀တ်လဲခန်းမှပြေးထွက်သွားသောသူမကိုကြည့်ပြီး aikiအသံထွက်ရီမိလိုက်သည်။

Aiki: ဒီတိုင်းစလိုက်တာကို အဲ့လောက်တောင်ရှက်သွားတာလား ဟားဟား

Noze ခေါင်းကိုအတင်းခါယမ်းကာ အ၀တ်လဲခန်းကနေ ပြေးထွက်လာမိသည်။ သူဘာလို့ဒီလောက်အတင့်ရဲရတာပါလိမ့်? ဒီလိုနေရာမျိုးမှာ ဘယ်လိုတောင်သတ္တိတွေရှိနေတာလဲ?

ထိုအချိန် အခန်းထဲကိုstaffတွေပြန်၀င်လာကြသည်။

"ဟင်? noze နေမကောင်းဘူးလား မျက်နှာတွေရဲနေတယ်"

Noze: မ..မဟုတ်ပါဘူး ဒီတိုင်းပင်ပန်းလို့နေမှာပါ

"နှုတ်ခမ်းနီအရောင်က ခုနကထက်နည်းနည်းဖျော့သွားသလိုပဲ မဖြစ်သေးပါဘူး လာလာ ပြန်ဆိုးပေးမယ်"

Noze သူတို့မရိပ်မိအောင်အတတ်နိုင်ဆုံးမျက်နှာကိုထိန်းထားသော်လည်း ရင်တွေခုန်နေသည်မှာ တော်တော်နှင့်မရပ်ပေ။ aikiကတော့ ပြုံးစိပြုံးစိနဲ့ အ၀တ်လဲပြီးသူ့အခန်းသူပြန်သွားလေသည်။

Can I just... love you?Where stories live. Discover now