<Part 7>

58 4 0
                                    

"Aiki ဘာလို့ကြာနေတာလဲ"

Aiki- ဟင်? Noze?

"ဘာလဲ noze...မင်းနဲ့အသိတွေလား?"

Noze- သူကကျွန်မလွှတ်လိုက်တာလေ CEOအခန်းထဲမှာရှိလားသွားကြည့်ခိုင်းတာ ကြာနေတာနဲ့လိုက်လာတာ ဘာတွေဖြစ်နေကြတာလဲ?

"နေပါအုံး ဘာလို့မင်းကကိုယ်တိုင်မလာဘဲနဲ့သူ့ကိုလွှတ်ရတာလဲ? ပြီးတော့ဘာကိစ္စနဲ့လွှတ်ရတာလဲ?"

Noze- ဒီနေ့ကျွန်မCEOနဲ့ နေ့လည်စာအတူစားမလားလို့ နောက်ထွက်မယ့်albumအသစ်‌အကြောင်းလည်းပြောရင်းနဲ့လေ.. ဖြစ်ချင်တော့ကျွန်မဟိုဘက်မှာdancerတွေနဲ့ဆွေးနွေးစရာလေးရှိနေလို့ သူ့ကိုဒီလွှတ်လိုက်တာ... တခုခုဖြစ်ကြလို့လားဟင်?

"ဖြစ်တာပေါ့ ငါသေချာတံခါးကိုလော့ချသွားတာ ပြန်ရောက်လာတော့တံခါးကလည်းပွင့်နေတယ် မင်းလွှတ်လိုက်တဲ့လူကလည်းငါ့ပစ္စည်းတွေလျှောက်ကိုင်နေတယ် အဲ့ဒါဘယ်လိုဖြစ်ရတာလဲ?"

Aiki- မဟုတ်ပါဘူး တံခါးကအစထဲကပွင့်နေတာပါ တံခါးလော့မကျတာကိုCEOသတိမထားမိလိုက်တာနေပါလိမ့်မယ် ကျွန်တော်အစကတံခါးခေါက်ပါသေးတယ် အသံမကြားလို့တံခါးလဲပွင့်နေတာနဲ့အထဲ၀င်လာမိတာပါ ပြီးတော့ဒီစာအုပ်ကိုလည်းတိုက်မိပြီး ပြုတ်ကျသွားတာပါ ပစ္စည်းတွေလျှောက်ကိုင်သလိုဖြစ်သွားရင်တောင်းပန်ပါတယ် CEO"

Aikiလက်ထဲကစာအုပ်ကို သူ့နေရာသူပြန်ထားလိုက်မိတယ်။

Noze- ကျွန်မလည်းကိုယ်စားတောင်းပန်ပါတယ် နောက်တခါဒီလိုထပ်မဖြစ်စေရပါဘူး

"အေး ဒီတခါတော့မင်းမျက်နှာကြောင့်ငါလွှတ်ပေးလိုက်မယ် နောက်ဆိုငါ့အခန်းထဲဘယ်သူ့ကိုမှမလွှတ်ပါနဲ့ ငါမကြိုက်ဘူး ကြားလား"

Noze- ဟုတ်ကဲ့ CEO... လာ aiki သွားရအောင်

Noze aikiရဲ့လက်ကိုဆွဲပြီးအခန်းအပြင်ဘက်ကိုခေါ်ထုတ်သွားတယ်။ သူဘာစကားမှမပြော ဘာမှလည်းမမေး။ လူရှင်းတဲ့တစ်နေရာရောက်တော့မှ aikiလက်ကိုလွှတ်ပေးတယ်။

Noze- နင်ဘာတွေတွေးနေလဲ ဘာလုပ်ဖို့စဉ်းစားနေလဲငါမသိဘူး aiki... ဒါပေမယ့်ငါသိတာတစ်ခုတော့ရှိတယ် နင်ကငါသံသယ၀င်ရမယ့်လူစားမျိုးမဟုတ်ဘူး အခုဖြစ်သွားတဲ့ကိစ္စအပေါ်မှာလည်းငါနင့်ကိုဘာမှလိုက်မေးနေမှာမဟုတ်ဘူး အဲ့ဒါငါနင့်ကိုယုံလို့"

Can I just... love you?Where stories live. Discover now