<Part 2>

81 6 0
                                    

Aikiနဲ့ကျွန်မ‌ တွေ့ရတဲ့အချိန်နည်းလာတယ် အဲ့နေ့ညပြီးထဲကပေါ့။ အဲ့နေ့ညလို့ပြောရအောင်လည်း အဲ့ညကဖြစ်ပျက်ခဲ့တာတွေကိုမှတ်မိတချက် မမှတ်မိတချက်။ ဂိုဒေါင်ထဲလိုက်သွားမိတာအထိတော့မှတ်မိပေမယ့် နောက်ပိုင်းaikiနဲ့စကားပြောတာတွေကဝိုးတဝါး။ အိမ်မက်သာမဟုတ်ဘူးဆိုရင် သူကျွန်မကိုနမ်းခဲ့သေးတယ်ထင်တယ်။ ပါတီပွဲမှာဝိုင်တွေသာသိပ်မသောက်ခဲ့ရင်မှတ်မိလောက်မှာဆိုပြီး ကိုယ့်ကိုကိုယ်အပြစ်တင်မိတယ်။ aikiကိုမေးကြည့်ရအောင်လည်း ကိုယ့်ဘက်ကအိမ်မက်လားမသိ တကယ်လားမသိ။ အခုတလော သူကမာမီ့အလုပ်တွေချည်းပဲကူလုပ်ပေးနေတာ။ ကုမ္ပဏီအထိလိုက်သွားပြီး ကူပေးနေရတာဆိုတော့ ကျွန်မနဲ့အဖော်လုပ်ပေးချိန်မရှိတော့။ မနက်ဆိုလည်း မာမီနဲ့အတူ အစောကြီးကုမ္ပဏီသွားပြီး ညဆိုရင်လည်းသန်းခေါင်လောက်မှပြန်လာကြတာ။ တဖြည်းဖြည်းနဲ့ သူနဲ့ကျွန်မဝေးကွာလာသလိုခံစားရတယ်။ တစ်အိမ်ထဲမှာအတူတူနေပြီး မျက်နှာလေးမြင်ရဖို့ဘာလို့အဲ့လောက်တောင်ခက်ခဲရတာလဲ။ သူကျွန်မကိုနည်းနည်းလေးမှတောင်မလွမ်းဘူးလားလို့ အော်ပြီးမေးလိုက်ချင်သည်။

အဲ့လိုနဲ့သူ့ကိုမမြင်ရတဲ့ နောက်နှစ်ပတ်အကြာမှာ သူ့ကိုမြင်ရဖို့အခွင့်အရေးရလာခဲ့တယ်။ ဘာလို့ဆို aikiရဲ့အမေက ရုတ်တရက်ကြီးနှလုံးရပ်ပြီးဆုံးသွားတယ်လေ။ အဲ့သတင်းကြားတော့ aikiကကုမ္ပဏီကနေအပြေးပြန်လာတယ်။ မတွေ့ရတာကြာတဲ့မျက်နှာကိုမြင်ခွင့်ရလို့ပျော်မိပေမယ့် သူမျက်ရည်တွေကျနေတာမြင်ရတော့ ရင်ထဲပူလောင်ရပြန်ရော။ အိမ်မှာအကြာကြီးအလုပ်လုပ်လာခဲ့တဲ့သူဆိုတော့ မာမီကဈာပနပွဲကိုငွေကြေးစိုက်ပြီးလုပ်ပေးတယ်လေ။ ဒါပေမယ့်လည်းaikiကသနားစရာကောင်းလွန်းတယ်။ သူ့အမေဆုံးသွားတဲ့နေ့ထဲက မျက်ရည်တွေပဲတောက်လျှောက်ကျနေပြီးတော့ စကားကိုမပြောတော့တာ။ ဈာပနအခမ်းအနားမှာ ကျွန်မသူ့ကိုသွားနှစ်သိမ့်ပေမယ့် ကျွန်မကိုလဲပြန်မကြည့် စကားမပြောပေ။ ခနကြာတော့ အခမ်းအနားကိုလူသုံးယောက်ရောက်လာတယ်။ တစ်ယောက်က အသက်ကြီးကြီးဦးလေးကြီးတစ်ယောက်၊နောက်တစ်ယောက်ကaikiနဲ့သက်တူရွယ်တူကောင်မလေးတစ်ယောက်၊ နောက်ဆုံးတစ်ယောက်ကတော့ရှစ်နှစ်အရွယ်လောက်ရှိမယ့် ကလေးမလေးတစ်ယောက်။ aikiကသူတို့ကိုတွေ့တော့အကြည့်လွှဲလိုက်တယ်။ အဲ့အချိန်မာမီကလည်း အလုပ်ကနေ ဈာပနအခမ်းအနားကိုခန၀င်လာတဲ့အချိန်နဲ့တိုးလေရဲ့။

Can I just... love you?Where stories live. Discover now