<Part 6>

65 5 2
                                    

Noze- နာရင်ပြောနော်

Aiki- ဘာလို့ဖွဖွလေးလုပ်နေတာလဲ? မင်းသက်သက်အချိန်ဆွဲနေတာလား? ငါ့ဟာငါလုပ်ပါမယ်ဆိုလည်း ပေးမလုပ်ဘူး

Noze- ငြိမ်ငြိမ်နေပါ သူများကနာမှာစိုးလို့ စေတနာနဲ့လုပ်ပေးနေတာကို ပွစိပွစိနဲ့

Aiki- ပွစိပွစိလုပ်အောင် မင်းပဲလုပ်နေတာလေ

Noze- ကဲပါ အခုပြီးပြီ
(ဒဏ်ရာဆေးထည့်ပေးနေတာနော်😅)

Aiki- အာ့ဆိုသွားပြီ

Noze- ဟင်? ဘယ်ကိုလဲ?

Aiki- ဘယ်ကိုရမှာလဲ ငါ့အခန်းငါပြန်မှာပေါ့ မင်းအခန်းထဲမှာဘာလုပ်ရမှာလဲ?

Noze- ခနလောက်နေပါအုံးလား မေးစရာရှိလို့

Aiki- အလုပ်ကိစ္စမဟုတ်ရင် မမေးနဲ့ ငါဖြေမှာမဟုတ်ဘူး

Noze- ဘယ်လိုလုပ်မလဲ? အလုပ်ကိစ္စကလွဲရင်တခြားဟာတွေပဲ မေးချင်တာ

Aiki- ကျွန်တော်တစ်ခုအကြံပေးရမလား noze? Nozeအ‌နေနဲ့အခုလက်ရှိကိုပဲအာရုံစိုက်ထားရင်ကောင်းမယ် အဲ့ဒါကကုမ္ပဏီအတွက်ရော nozeအတွက်ပါ အဆင်ပြေမှာပါ

Noze- ငါကဘာကိုအဆင်ပြေရမှာလဲ? ငါအဆင်မပြေဘူး aiki ငါအခုလက်ရှိမှာပျော်နေတယ်လို့နင်ထင်နေတာလား?

Aiki- အဲ့ဒါကျွန်တော်စိတ်မ၀င်စားဘူး အခုအချိန်မှာ nozeက kpop idolတစ်ယောက် ကျွန်တော်ကမင်းအတွက်အလုပ်လုပ်ပေးနေတဲ့ dancerတစ်ယောက် အဲ့လိုပဲနားလည်‌ထားပေးရင်ကောင်းမယ် ပြောချင်တာက ဒီထက်ပိုပြီးရင်းရင်းနှီးနှီးမဆက်ဆံပါနဲ့ တောင်းဆိုတာပါ

Noze- ငါ့ကိုစိတ်ဆိုးစရာများရှိနေတာလား aiki? အာ့ကြောင့်ငါ့ကိုအခုလိုဆက်ဆံနေတာလား?

Aiki- ကျွန်တော့်မှာမင်းနဲ့ပတ်သက်ပြီး အမုန်းလည်းမရှိဘူး အချစ်လဲမရှိဘူး ဘာခံစားချက်မှကိုမရှိတာ

သူပြောပြီး ကျွန်မအခန်းထဲကထွက်သွားခဲ့တယ်။
ခံစားချက်မရှိဘူးတဲ့လား? အဲ့အစားမုန်းပါတယ်လို့ပြောရင်တောင် ငါခံသာဦးမှာ။ nozeဆိုတဲ့ငါက နင့်အတွက်အရေးအကြီးဆုံးလူသားဖြစ်ချင်တာ။ ငယ်ငယ်ကတည်းက အခုချိန်ထိ ငါ့ခံစားချက်တွေကို နင်ဘာလို့မမြင်နိုင်ရတာလဲ?
                   -------------------------------------
နောက်တစ်နေ့မနက်-
ဒူ~ဒူ~ဒူ (ဖုန်းမြည်သံ)

Can I just... love you?Where stories live. Discover now