<Part 8>

55 4 0
                                    

Aiki-မင်းငါ့ကိုမြူဆွယ်နေတာလား?

Noze- ဟမ်! ဘာကိုလဲ ဘယ်မှာမြူဆွယ်လို့လဲ

Aiki- မြူဆွယ်မယ့်စိတ်ကူးရှိရင် အခုထဲကရုပ်သိမ်းလိုက်တော့ ငါစိတ်ယိုင်စရာအကြောင်းမရှိတာမို့

Noze- သိပါတယ် နင့်စိတ်ကိုကောင်းကောင်းကြီးသိတာမို့ ခနခနမပြောစမ်းပါနဲ့

Aiki- မင်းလည်းစကားပြောရင် နှုတ်ခမ်းကိုထော်ထော်ပြီးမပြောနဲ့ ရုပ်ဆိုးတယ်

Noze- ဒီမှာ! ဆေးထည့်ပေးနေတဲ့သူကိုစေတနာပျက်အောင်မလုပ်နဲ့နော် ရုပ်ဆိုးရင်မကြည့်နဲ့ပေါ့ ဘာလို့သူများမျက်နှာကိုလိုက်ကြည့်ပြီးဝေဖန်နေရတာလဲ

Aiki- တွေ့လား နှုတ်ခမ်းကိုထော်ထော်ပြီးရန်တွေ့နေပြန်ပြီ

Noze- အဲ့ဒါဘာဖြစ်လဲလို့ ကိုယ့်နှုတ်ခမ်းနဲ့ကိုယ်တောင် လိုက်အပြောခံနေရတယ် ဘာလို့ကပ်လာတာလဲ အွန့်....

ဘုရားစူးမိုးကြိုးပစ်ပါ။ aikiသူ့ကိုနမ်းဖို့ရည်ရွယ်ချက်မရှိခဲ့။ သူ့ကိုစချင်ရုံသက်သက် မျက်နှာနားကိုတိုးကပ်သွားမိပေမယ့် အနီးကပ်မြင်လိုက်ရတဲ့သူ့မျက်နှာက aikiကိုဆွဲဆောင်နေသယောင်။ aiki သူကိုယ်တိုင်တောင်မသိလိုက်ဘဲ nozeကိုမက်မက်မောမောနမ်းနေမိတယ်။ အစကထိကပ်ရုံနမ်းလိုက်မိပေမယ့် သူ့လည်ပင်းကိုယှက်တွယ်လာတဲ့ nozeရဲ့လက်တစုံကြောင့် အသိစိတ်တို့ပျောက်ကွယ်သွားပြီး nozeရဲ့ကိုယ်လုံးကိုပွေ့ချီကာ သူ့ပေါင်ပေါ်တင်လျက်သား နမ်းနေမိတယ်။ အချိန်တွေဘယ်လောက်ကြာသွားလဲမသိ။ nozeရဲ့လက်က သူ့လက်မောင်းကဒဏ်ရာကိုလာဖိမိမှ aikiမျက်မှောင်ကြုံ့မိပြီး အသိပြန်၀င်လာတယ်။

"အာ့"

Noze- အာ ဆောရီး အရမ်းနာသွားလား?

Aikiအသိစိတ်ပြန်၀င်လာပြီမို့ nozeကိုသူ့ပေါင်ပေါ်ကဖယ်လိုက်ပြီး အခန်းထဲကထွက်ဖို့ပြင်တယ်။

Noze- ဘယ်သွားတာလဲ aiki? နေအုံး နင်အဲ့လိုဘာမှမပြောဘဲထွက်ပြေးသွားလို့မရဘူး

Aiki- ဘာကိုပြောရမှာလဲ မင်းကိုနမ်းမိလို့တောင်းပန်ပါတယ်ဆိုတဲ့စကားလား? အိုခေလေ ငါနည်းနည်းသောက်ထားမိလို့ အသိစိတ်ပျောက်သွားတယ်ထင်တယ် တောင်းပန်တယ် နောက်ထပ်မဖြစ်စေရဘူး

Can I just... love you?Wo Geschichten leben. Entdecke jetzt