<Part 9>

55 5 0
                                    

Noze: သူပြန်မလာသေးဘူးလား မစ္စစ်ဂျို?

"ဟုတ်ကဲ့ မမလေး တော်တော်တောင်နောက်ကျနေပြီ"

Noze: သူ့ဖုန်းကိုဆက်ကြည့်‌ပြီးပြီလား?

"ဆက်ပြီးပြီ မမလေး စက်ပိတ်ထားတယ်ပဲပြောနေတယ်"

Noze: ဟင်း... ဒုက္ခပဲ ဒီအချိန်ထိပြန်မလာဘဲဘာလုပ်နေလဲမသိဘူး

"မဟုတ်မှလွဲရော မမလေးကိုစိတ်ဆိုးပြီး အိမ်ပေါ်ကဆင်းသွားတာများလား?"

Noze: ကျွန်မသူ့ကိုအခန်းထဲကထွက်သွားဖို့ပဲပြောလိုက်မိတာပါ မစ္စစ်ဂျိုရယ်... အိမ်ပေါ်ကဆင်းခိုင်းတာမှမဟုတ်တာ ပြီးတော့စိတ်ဆိုးမယ်ဆို ကျွန်မကစိတ်ဆိုးရမှာ

"အခုဘယ်လိုလုပ်ကြမလဲ မမလေး?"

Noze: စိတ်ညစ်ပါတယ် ကဲပါ... ကျွန်မကိုထီးယူပေး

"ဟင်! ဘာလုပ်ဖို့လဲ မမလေး?"

Noze: ဘာလုပ်ရမှာလဲ ထွက်ရှာရမှာပေါ့

"ဟယ်! မသွားပါနဲ့ မမလေးရယ် ဒီအချိန်ကြီးမိန်းကလေးတစ်ယောက်ထဲ မသင့်တော်..."

Noze: သိပါတယ် မစ္စစ်ဂျိုရယ် ကျွန်မတစ်ယောက်ထဲမသွားပါဘူး ခြံစောင့်ဦးလေးကြီးကိုကားမောင်းခိုင်းမှာ ဒီနားမှာပတ်ရှာကြည့်မလို့

"အော် ဟုတ်ကဲ့ ဟုတ်ကဲ့ အာ့ဆိုကားသွားပြင်ခိုင်းလိုက်မယ်နော်"
                        ----------------------------

Aikiလမ်းလျှောက်လာရင်းနဲ့ လမ်းကြားထဲက ရင်းနှီးနေသော အသံတစ်ခုကြားလိုက်ရတော့ ခြေလှမ်းတွေတန့်သွားတယ်။ မိန်းမတစ်ယောက်ဖုန်းပြောနေသောအသံ။ သူ့အရှေ့မှာ ဦးထုပ်အနက်ဆောင်းထားတဲ့ လူတစ်ယောက်။

"ကျွန်မသားနဲ့ ဘယ်တော့တွေ့လို့ရမှာလဲ? ရှင်သူ့ကိုတခုခုလုပ်ထားတာလား မိုက်ကယ်?"

မိုက်ကယ်? မိုက်ကယ်ဆိုတာ venomဂိုဏ်းအဖွဲ့ရဲ့ ခေါင်းဆောင်မလား?

Aikiအရိပ်ကျတဲ့နေရာတစ်ခုမှာ၀င်ပုန်းလိုက်ပြီး ခိုးနားထောင်နေလိုက်သည်။ မိုက်ကယ်ဆိုတဲ့ နာမည်ကြောင့် venomအဖွဲ့နှင့် ပတ်ကိုပတ်သက်နေရမည်ဟု aikiယူဆသည်။ ပိုစိတ်၀င်စားစရာကောင်းသည်က ဖုန်းပြောနေသောမိန်းမမှာ swfရဲ့ CEOဖြစ်နေခြင်းပင်။

Can I just... love you?Where stories live. Discover now